(Zawgyi)

Oreo ဆိုရင္ေတာ့ ႀကိဳက္တဲ့သူက အရမ္းကိုမ်ားပါတယ္။ Oreo က ေရခဲမုန္႔သာ အျပင္မွာဝယ္စားလုိ႔ရတာ Oreo Cake တို႔ Oreo Milkshake တို႔ဆိုရင္ အျပင္မွာ ဝယ္စားလို႔မရႏိုင္ဘူးေလ။ ဒါေၾကာင့္ အိမ္မွာပဲ လြယ္လြယ္ကူကူေဖ်ာ္ေသာက္လို႔ရေအာင္ Oreo Milkshake ျပဳလုပ္နည္းကို မွ်ေဝေပးလိုက္ပါတယ္။

Oreo Milkshake ျပဳလုပ္ဖို႔ လိုအပ္တဲ့ပါဝင္ပစၥည္းေတြကေတာ့ Oreo ကြတ္ကီး၊ ႏြားႏို႔နဲ႔ Vanilla Ice Cream တို႔လိုအပ္ပါတယ္။ Milkshake ေသာက္ရင္ Bubbles ထည့္ေသာက္ရတာႀကိဳက္ရင္ေတာ့ Bubbles ေလးေတြလည္း ဝယ္ထားပါ။

စတင္ျပဳလုပ္ဖို႔ Blender ထဲကို Oreo ကြတ္ကီး – အထုပ္ေသးတစ္ထုပ္ေဖာက္ထည့္ပါ။ ၿပီးတာနဲ႔ Vanilla Ice Cream – ဗူးႀကီးတစ္ဝက္စာထည့္ၿပီး ႏြားႏို႔ – တစ္ခြက္ထည့္ကာ ေမႊေပးပါ။

ေမႊၿပီးတာနဲ႔ ကိုယ္ေသာက္မယ့္ခြက္ထဲကို ထည့္ၿပီး ေသာက္လို႔ရပါၿပီ။ Bubbles ထည့္ေသာက္ရတာႀကိဳက္ရင္ေတာ့ ခြက္ထဲကို Bubbles ေတြအရင္ထည့္ၿပီးမွ Milkshake ေတြကိုထည့္ပါ။ အေပၚကေနလည္း Oreo ကြတ္ကီးေလးေတြကို ပိုင္းၿပီး တင္ေပးလို႔ရပါတယ္။

ဒါဆိုရင္ေတာ့ အရသာရွိၿပီး လုပ္ရတာလည္း အရမ္းကိုလြယ္ကူရိုးရွင္းတဲ့ Oreo Milkshake ကို ရရွိသြားပါၿပီ။

Photo Source: www.hanse.com

(Unicode)

Oreo ဆိုရင်တော့ ကြိုက်တဲ့သူက အရမ်းကိုများပါတယ်။ Oreo က ရေခဲမုန့်သာ အပြင်မှာဝယ်စားလို့ရတာ Oreo Cake တို့ Oreo Milkshake တို့ဆိုရင် အပြင်မှာ ဝယ်စားလို့မရနိုင်ဘူးလေ။ ဒါကြောင့် အိမ်မှာပဲ လွယ်လွယ်ကူကူဖျော်သောက်လို့ရအောင် Oreo Milkshake ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Oreo Milkshake ပြုလုပ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ Oreo ကွတ်ကီး၊ နွားနို့နဲ့ Vanilla Ice Cream တို့လိုအပ်ပါတယ်။ Milkshake သောက်ရင် Bubbles ထည့်သောက်ရတာကြိုက်ရင်တော့ Bubbles လေးတွေလည်း ဝယ်ထားပါ။

စတင်ပြုလုပ်ဖို့ Blender ထဲကို Oreo ကွတ်ကီး – အထုပ်သေးတစ်ထုပ်ဖောက်ထည့်ပါ။ ပြီးတာနဲ့ Vanilla Ice Cream – ဗူးကြီးတစ်ဝက်စာထည့်ပြီး နွားနို့ – တစ်ခွက်ထည့်ကာ မွှေပေးပါ။

မွှေပြီးတာနဲ့ ကိုယ်သောက်မယ့်ခွက်ထဲကို ထည့်ပြီး သောက်လို့ရပါပြီ။ Bubbles ထည့်သောက်ရတာကြိုက်ရင်တော့ ခွက်ထဲကို Bubbles တွေအရင်ထည့်ပြီးမှ Milkshake တွေကိုထည့်ပါ။ အပေါ်ကနေလည်း Oreo ကွတ်ကီးလေးတွေကို ပိုင်းပြီး တင်ပေးလို့ရပါတယ်။

ဒါဆိုရင်တော့ အရသာရှိပြီး လုပ်ရတာလည်း အရမ်းကိုလွယ်ကူရိုးရှင်းတဲ့ Oreo Milkshake ကို ရရှိသွားပါပြီ။

Photo Source: www.hanse.com