ဆီးချိုသမားတွေ အတွက် ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းရှိပါတယ်။ သွေးထဲက အချိုဓာတ်တွေကို ကျဆင်းစေတဲ့ နည်းပါ။ သဘာ၀နည်းဖြစ်တဲ့အတွက် Side Effect မရှိသလောက်ပါပဲ။ ကိုလက်စထရောကိုလည်း ထိန်းပေးပြီး ကျောက်ကပ်အဆိပ်ကိုလည်း ထုတ်ပေးနိုင်ပါတယ်။ ရင်ကြပ်သမားတွေ အတွက်လည်း ကောင်းမွန်စေတဲ့ နည်းပါ။

ရုံးပတီသီးမှာ Folic Acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, Folic Acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

Source: vinawang.com

ရုံးပတီသီး ၄တောင့်ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက် ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။

Source: Health Awareness Community

ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲသကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

Source: homehealthysolutions