ကြောင်လျှာသီးက ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်ပြီး သူ့ရဲ့ အသီး၊ အညွှန့်၊ ပန်းပွင့်တွေကအစ စားသုံးလို့ရပါတယ်။

ပျော့ပျော့ပြောင်းပြောင်းနဲ့ အနည်းငယ် ခါးသက်သက် အရသာ ရှိတာကြောင့် အရသာရှိတဲ့ ဟင်းလျာအဖြစ်ချက်ပြုတ်စားနိုင်သလို ကျန်းမာရေး အာနိသင်တွေလည်း အများကြီးရှိပါတယ်။

ကင်ဆာရောဂါကို ကာကွယ်နိုင်

ကြောင်လျှာသီးမှာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ HL-60 ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင်ပါတယ်။

Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်

ကြောင်လျှာသီးက ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးနိုင်တဲ့ Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

ရောင်ရမ်းတာကို လျော့ကျနိုင်

ကြောင်လျှာသီးမှာပါဝင်တဲ့ ဓာတ်တွေကို ထုတ်ယူပြီး ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့ စမ်းသပ်ကြည့်ရာမှာ ရောင်ရမ်းတာတွေကို လျော့ကျစေကြောင်းတွေ့ရှိရပါတယ်။

ခြေထောက်ရောင်နေတဲ့ ကြွက်တွေကို ကြောင်လျှာသီးကနေထုတ်ယူထားတဲ့ ဓာတ်တွေနဲ့စမ်းသပ်ကြည့်ရာ ၅ နာရီအတွင်း ရောင်ရမ်းတာတွေ လျော့ကျလာကြောင်းတွေ့ရှိရပါတယ်။

အသားအရေ ကျန်းမာရေးနဲ့ အမြင်စွမ်းအား

Antioxdiants ဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အရေးအကြောင်းတွေကို လျော့ကျစေကာ အသားအရေ ကြည်လင်တောက်ပလာပါတယ်။

အဲ့ဒီအပြင် အမြင်စွမ်းအားကိုလည်းကောင်းစေပါတယ်။

အစာခြေစနစ်

ကြောင်လျှာသီးက မူးဝေအော့အန်တာကို သက်သာစေပြီး အစာခြေစနစ်ကိုလည်း အားကောင်းစေပါတယ်။

အဲ့ဒီအပြင် လည်ပင်းနာ၊ ချောင်းဆိုးတာတွေကိုလည်းသက်သာ ပျောက်ကင်းစေပါတယ်။