အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ရိုးရှင်းလွယ်ကူပြီး မနက်စာအဖြစ်လည်းစားလို့ရတယ်။ အစာပြေအဖြစ်လည်း စားလို့ရတဲ့ အရသာရှိတဲ့ကြာဇံကြော် နူးနူးအိအိလေး ကြော်စားနည်းကို မျှဝေပေးချင်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်း

  • ကြာဇံ ၅၀၀ ဂရမ်
  • မုန်လာဥနီ အနည်းငယ်
  • ကြက်သွန်နီ အနည်းငယ်
  • ကြက်ဥ ၁ လုံး (မွေကြော်လိုက်ပြီး ခပ်ပါးပါးလှီးထားပါ)

  • ပဲသီး ပါးပါးလှီးပါ
  • ဝက်သား အနည်းငယ် (မိမိနှစ်သက်ရာအသားထည့်နိုင်ပါတယ်။)
  • ဆီ အနည်းငယ်
  • ဆား
  • ပဲငံပြာရည် (အကြည်) လက်ဖက်ရည်ဇါန်း ၂ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ရေကိုဆူအောင်တည်လိုက်ပြီး ဆားနည်းနည်းထည့်ပါ။ ပဲသီးထည့်လိုက်ပြီး ခဏပြုတ်ထားပါ။ ပြီးရင်တော့ ပဲသီးကိုထုတ်ပြီး ရေအေးနဲ့ စိမ်လိုက်ပါ။

အဲဒီနောက် ရေနွေးထဲကို ကြာဇံထည့်လိုက်ပါ။ ကြာဇံနူးလာရင် ရေအေးနဲ့ ခဏစိမ်လိုက်ပါ။ ပြီးရင်ရေဆစ်ထားလိုက်ပါ။

ဆီကို အပူပေးပါ။ ဝက်သား၊ မုန်လာဥနီ၊ ကြက်သွန်နီ နဲ့ ဆားတို့ကို ထည့်ကြော်လိုက်ပါ။

ပြီးရင် ခဏဖယ်လိုက်ပြီး ကြာဇံကြော်လိုက်ပါ။ ပြီးရင် စောစောက ကြော်ထားတဲ့ မုန်လာဥနီ၊ ကြက်သွန်နီနဲ့ ဝက်သားတို့ကိုထည့်လိုက်ပြီး ကြက်ဥထည့်ပါ။ ပဲငံပြာရည် ၊ဆားထည့်ပါ။ သေချာမွှေလိုက်ပါ။ ရခါနီးရင် ပဲသီးထည့်ပြီး မွှေပေးလိုက်ပါ။ ဒါဆိုရင် သုံးဆောင်လို့ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar