ယိုးဒယား အစားအစာ တမျိုးဖြစ်တဲ့ (ဖတ်ထိုင်း) ဆန်ခေါက်ဆွဲ ကြော်ပါ။

ပါဝင်ပစ္စည်းများ

  • ဖတ်ထိုင်းဆန်ခေါက်ဆွဲ အစို (သို့) အခြောက်- ၁ ကီလို
  • ပုဇွန် – ၁ ကီလို
  • ပဲပင်ပေါက် – ၃၀ သား
  • ကုဆိုင်ရွက် (သို့) ကြက်သွန်ဖြူ အမိတ် – တစ်စည်း
  • မြေပဲလှော် – ၁၅ သား

  • ကြက်ဥ – ၆ လုံး
  • ပဲပြား – ၂ တုံး
  • မုန်လာဥ ခြောက် – ၁ ထုပ်
  • ငရုပ်သီးအကျက်မှူန့် – ၂ ဇွန်း
  • ခရုဆီ ထမင်းစားဇွန် – ၄ ဇွန်း

  • ငါးငံပြာရည် – ၂ ဇွန်း
  • ထန်းလျှက် – ၄ ဇွန်း
  • ကြက်သွန်နီ – ၁၀သားခန့်
  • ကြက်သွန်ဖြူ -၁ ဥ
  • သံပုရာသီး – ၅ လုံး

ပြုလုပ်နည်း

ဆောစ့်ပြုလုပ်နည်း

ပုဇွန်ကို ဆေးကြောပြီး အခွံခွာ ကြောခွဲ ထားပါ။ Padthai ဆော့စ်ကို အရင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒယ်အိုးထဲ ဆီအနည်းငယ် ထည့်ပြီး ကြက်သွန်နီ၊ ကြက်သွန်အဖြူ နုတ်နုတ်စင်း ထားတာတို့ကို ဆီသတ်ပါ။ ပြီးရင် ထန်းလျှက်၊ ခရုဆီ၊ ငံပြာရည် တို့ ထည့်ပါ။ ရေကျက်အေး အနည်းငယ် ထည့်ပြီး ထန်းလျှက်ရည် ပျော်တဲ့ ထိထားပြီး မီးပိတ်ကာ ပုဂံလုံး တစ်ခုထဲ ဆော့စ်ရည်များကို လောင်း ထည့်ထားပါ။

ကြော်နည်း

ဒယ်အိုးထဲ ဆီထည့်ပြီး ပဲပြားကို ခပ်သေးသေးလေးတွေ တုံးပြီး အကြောတင်းရုံလေး ကြော်ပြီး ဖယ်ထုတ်ထားပါ။ ကြက်ဥကို ကြေအောင် ခေါက်ပြီး ကြော်ကာ လှီးဖြတ်ထားပါ။ ဒယ်အိုးထဲတွင် ဆီထည့်ပြီး မုန်လာဥခြောက် ထည့်ပြီး ပုဇွန်ထည့်ကြော်ပါ။ ပြီးရင် ဆန်ခေါက်ဆွဲထည့်ပါ။ ရေကျက်အေး အနည်းငယ်ထည့်ပြီး ခေါက်ဆွဲ ပျော့လာအောင်ထားပြီး ဆော့စ်ရည် လောင်းထည့် ကာ သမအောင် ကြော်ပေးပါ။

ပြီးရင် ပဲပြားကြော်နဲ့ မြေပဲထောင်းထားတာနဲ့ ငရုပ်သီး အကျက်မှူန့်များ ရောကြော်ပါ။ ပဲပင်ပေါက်၊ ကုဆိုင်ရွက်ထည့်ပါ။ နောက်ဆုံး ကြက်ဥထည့်ကြော်ပါ။ မီးပြင်းပြင်းနဲ့ ကြော်မှ စားကောင်း ပါတယ်။

ရရှိလာသော Padthai ကြော်များကို သံပုသီး ညှစ်ထည့်၊ ငရုပ်သီးမှူန့်၊ မြေပဲမှူန့်တို့ဖြင့် တွဲဖက် စားနိုင်ပါပြီ။ ငှက်ပျောဖူးနုနုနဲ့ ကြက်သွန်မိတ်တို့ဖြင့်လဲ တွဲဖက်စားနိုင်ပါတယ်။
ပုဇွန်အစား ကြက်သား၊ ကင်းမွန်၊ ပုဇွန်ခြောက် စသည်တို့ကိုလဲ အသုံးပြုလို့ ရပါတယ်။မုန်လာဥခြောက် မရှိပါက မထည့်လဲရပါတယ်။ ကုဆိုင်အရွက်အစား ကြက်သွန်မိတ်ကို အသုံးပြုလို့ ရပါတယ်။

Credit: Thida Lay Lay