Recipes | ကိုရီးယား - Korean | နိုင်ငံတကာ အစားစာများ - International Food | ကြက်ဥ - Eggs

ကြက်ဥကြော်လိပ် ချက်ပြုတ်နည်းနှင့် ပါဝင်ပစ္စည်းများ

November 24, 2016

ကြက်ဥကြော်လိပ် ချက်ပြုတ်နည်းနှင့် ပါဝင်ပစ္စည်းများ

Share this on:

ကြက်ဥ ၃ – ၄လုံး၊ နုတ်နုတ်လေး လှီးထားသော ကြက်သွန်မိတ်၊ ကြက်သွန်နီ၊ မုန်လာဥနီ၊ ဆား၊ ဆီ

1

ကြက်ဥ ၃-၄လုံးကို အသင့်ပြင်ထားပြီး ပန်းကန်ထဲတွင် ဖောက်ထည့်ပြီး ခလောက်ထားပေးပါ။

ကြက်သွန်မိတ်၊ မုန်လာဥနီ၊ ကြက်သွန်နီတို့ကို အတတ်နိုင်ဆုံး အသေးငယ်ဆုံး နုတ်နုတ်ဆင်းပေးပါ။

ဆားကို လက်ဖက်ရည် ဖျော်ဇွန်း ဇွန်းတဝက်ခန့် ထည့်ပေးပါ။

2

ဒယ်အိုးပြားပေါ်တွင် ဆီအနည်းငယ်ကို ထည့်ပြီး ကြက်ဥခေါက်ထားသည့် အရည် တဝက်ခန့်ကို အိုးထဲတွင် ပါးပါးလေး ဖြန့်ထည့်ပေးပါ။

ကြက်ဥ တစ်ဝက်ခန့် ကျက်သွားသောအခါတွင် အစွန်းတဘက်မှ စပြီး လိပ်ပေးပါ။

3

သေချာ ကျစ်ကျစ်လေး အဆုံးထိ လိပ်ပေးပါ။

4

ကျစ်ကျစ် လုံးလုံးလေး လိပ်ထားသော ကြက်ဥလိပ်ကို အိုး ညာဘက်အခြမ်းတွင် ထားထားပြီးနောက် ကျန်သော ကြက်ဥအရည်များကို အိုးထဲသို့ လောင်းထည့်ပေးပါ။

ဒီအခေါက်တွင် ထည့်သောအခါတွင်လည်း ပါးပါးလေး လောင်းထည့်ပြီး အပေါ်တွင် ပါသည့်အတိုင်း လိပ်ပေးပါ။

5

လှလှပပ ကျစ်ကျစ်လေး လိပ်ပြီးသွားသောအခါ ကြက်ဥလိပ်ကြော် အဆင်သင့်ဖြစ်ပြီ ဖြစ်ပါသည်။

6

Review

User Rating

4.1 (8 Votes)