ရိုးရှင်းပြီး အရသာထူးတဲ့ ဆာလ်မွန်ငါး အသားလွှာ ထောပတ်ဆော့စ် နဲ့ဆာလ်မွန်ငါး အစိမ်းသုပ် ပါဘဲ..ဆာလ်မွန်ငါး က ပရိုတင်းဓါတ်ပြည့်ဝပြီး အလွန်နူးညံ့တဲ့ ငါးတစ်မျိုးပါ ။ ဆာလ်မွန်ငါး ကို နည်းမျိုးစုံနဲ့ပြင်ဆင်ချက်ပြုတ်ကြတဲ့အထဲကမှ ဆာလ်မွန်ငါး အသားလွှာ ကို အိုးကပ်ကြော်ပြီး ထောပတ်ဆော့စ် လေးနဲ့စိမ့်စိမ့်လေးကတစ်မျိုး ၊ ချဉ်ငံစပ် အရသာ လေးနဲ့သီးရွက်စုံသုပ် ကို ဆာလ်မွန်ငါး အသားလွှာ အစိမ်းလေးတွေနဲ့တွဲဖက်စားရတာက တစ်မျိုး ..အဲဒီလို ဆာလ်မွန်ငါး ကို အရသာနှစ်မျိုး နဲ့တစ်ကြိမ်ထဲမှာ တည်ခင်းတဲ့ ပုံစံလေးနဲ့ပြင်ဆင်ထား ပါတယ်..ချက်ပြုတ်နည်းကတော့..အနောက်တိုင်း အစားအစာ ပြင်ဆင်တဲ့နည်းနဲ့ချက်ထားထာပါ ၊ ဒါကြောင့် သီးရွက်စုံသုပ်ကတစ်မျိုး ၊ ဆာလ်မွန်ငါး အသားလွှာ ကြော်ကိုလည်း သီးရွက်စုံကြော် ၊ အာလူးပြုတ်ကြော် ၊ ထောပတ်ဆော့စ် စတာတွေ ကို သီးခြားစီ ပြင်ဆင်ချက်ပြုတ်ရတာမို့အနည်းငယ်တော့ အလုပ်ရှုပ်အောင်ပြင်ဆင်ရတဲ့ ဟင်းလျှာလေးပေါ့…

ပါဝင်ပစ္စည်းများ

  • ဆာလ်မွန်ငါး – ၁၄ ကျပ်သားခန်
  • သံပုရာသီး – ၁ လုံး
  • ခရမ်းချဉ်သီး – ၁ လုံး
  • ငရုပ်ပွစိမ်း – ၁ လုံး
  • မုန်လာဥနီ – ၁ လုံး
  • ဘိုပဲ – ၁၀ တောင့်
  • ဆလပ်ရွက် – အနည်းငယ်
  • သခွားသီး – ၁ လုံး
  • ကောက်ရိုးမှို – ၃ လုံး
  • ကြက်သွန်မိတ် – ၂ ပင်
  • အာလူး – ၁ လုံး
  • အရသာမှုန့် – အနည်းငယ်
  • သံလွင်ဆီ – ၄ ဇွန်း
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်းမှုန့် – အနည်းငယ်
  • ကြက်သွန်နီ – ၁.၅ လုံး
  • ကြက်သွန်ဖြူ – ၅ တက်
  • ထောပတ် – ၃ စွန်း
  • ဝိုင်ဖြူရှာလကာရည် – ၃ စွန်း
  • ငရုပ်ချဉ်ဆော့စ် – ၁ လ္ဘက်စွန်း
  • ဝိုင်ဖြူ – ၅၀ မီလီလီတာ

ပြုလုပ်နည်း

ဆာလ်မွန်ငါး အသားလွှာ ကို သံပုရာရည် ၊ ဆား ၊ ငရုပ်ကောင်းမှုန့်၊ အရသာမှုန့်( All Purpose Seasoning ) အနည်း ငယ် တို့ဖြင့် အရသာသွင်းပြီး ရေခဲ သေတ္တာ ( Freezer ) ထဲတွင် ၁၅ မိနစ်ခန့်ထည့်ထားပါ။

ခရမ်းချဉ်သီး ကို အစေ့ထုပ်ရျွ် ပါးပါးလှီးထားပြီး..ငရုပ်ပွစိမ်း ကို လည်း အစေ့ထုတ်ပြီး အမျှင်ပါးပါးလှီးထားပါ ။ သခွားသီး ကိုအခွံနွှာ အစေ့ထုတ် ရျွ် အတုံးလေးများလှီးထာ ပြီး..မုန်လာဥနီ ကိုလည်း အခွံနွှာ၍ အမျှင်ပါးပါးလှီးထားပါ။

ဘိုပဲ ကိုသန့်စင်ပြီး ရေနွေးဖြင့် ၂ မိနစ်ခန့်ပြုတ်ရျွ် ရေခဲရေတွင်စိမ်ထားပါ ။ ဆလပ်ရွက်ကိုသန့်စင်စွာလှီးထားပြီး ကြက်သွန်နီ တစ်လုံး ကိုလည်း အကွင်းလိုက်လှီး၍ ရေခဲရေတွင်စိမ်ထားပါ။

မုန်လာဥနီ တစ်ဝက် ခန့်ကို အခွံနွှာ၍ လက်ချောင်းသဏ္ဍန် လှီးပြီး ရေနွေးဖြင့်ပြုတ်ထားပါ ။ ကြက်သွန်မိတ် ကို ၂ လက်မခန့်အရှည်လှီးဖြတ်ထားပြီး ကောက်ရိုးမှို ကိုလည်း လေးစိပ်လှီးထားပါ။

သံပုရာရည်၊ ဝိုင်ဖြူရှာလကာရည် ၊ ဆား ၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်ချဉ်ဆော့စ် ၊ သံလွင်ဆီ တို့ဖြင့် ဆာလ်မွန်ငါး အစိမ်း သုပ် အတွက် အချဉ်ရည် ဖျော်စပ်ထားပါ ။

အာလူးကို ကျက်အောင်ပြုတ်၍ အခွံနွှာ ပြီး လေးစိပ် လှီး၍ ကြက်သွန်ဖြူ ၊ သံလွင်ဆီ ၊ ဆား ၊ ငရုပ်ကောင်းမှုန့်၊ အရသာမှုန့် ( All Purpose Seasoning ) တို့ဖြင့် အိုးကင်းပူတိုက်ကြော်ထားပါ ။

အသင့်အရသာသွင်းထားသော ဆာလ်မွန်ငါး အသားလွှာ ကို ရေခဲသေတ္တာ ( freezer ) ထဲမှထုတ်ရျွ် ၈၀ ဂရမ် ( ၅ ကျပ်သားခန့်) ပါးပါးလှီးထားပြီး ဆာလ်မွန်ငါး အစိမ်းသုပ်အတွက်ဖယ်ထားပါ။

အရသာသွင်းထားသော ဆာလ်မွန်ငါး အသားလွှာ ကို သံလွင်ဆီ အနည်းငယ်ဖြင့် အိုးကပ်ကြော်ထားပါ ။

အသင့် လှီးပြီးရေခဲရေစိမ်ထားသော ငရုပ်ပွစိမ်း ၊ မုန်လာဥနီ ၊ ဘိုပဲ ၊ သခွားသီး ၊ ကြက်သွန်နီ တို့ကိုရေစစ်ပြီး ပါးပါးလှီး ထားသော ခရမ်းချဉ်သီး ၊ ဆလပ်ရွက် တို့နှင့်ရောရျွ် အသင့်ဖျော်စပ်ထားသော အချဉ်ရည် ဖြင့် သမအောင်သုပ်ပြီး အသင့်အရသာသွင်းရျွ် ပါးပါးလှီးထားသော ဆာလ်မွန်ငါး အသားလွှာများ အုပ်ရျွ် တည်ခင်းပါ။

အသင့်ပြုတ်ထားသော မုန်လာဥနီ ၊ ဘိုပဲ တို့ကို အသင့်လှီးထားသော ကောက်ရိုးမှို ၊ ကြက်သွန်မိတ် တို့ဖြင့်ရောရျွ် ကြက်သွန်ဖြူ ၊ ထောပတ် ၊ ဆား ၊ ငရုပ်ကောင်းမှုန့်တို့ဖြင့် ကြော်ထားပါ ။

ကြက်သွန်နီ တစ်ဝက်ခန့်ကို နုတ်နုတ်စဉ်းပြီး ဝိုင်ဖြူရှာလကာရည် ၊ ဝိုင်ဖြူ တို့နှင့် အနည်းငယ်နွမ်းသည်အထိကျိုရျွ် ကြက်သွန်နီ နွမ်းလာလျှင် မီးဖိုပေါ်မှ အိုးကိုဖယ်ခွာရျွ် ထောပတ် ၂ စွန်း ခန့်ထည့်ပြီး ထောပတ်ဆော့စ်ပြုလုပ်ထားပါ။

အသင့်ကြော်ထားသော ဆာလ်မွန်ငါး အသားလွှာ ကို သီးရွက်စုံကြော် ၊ အာလူးပြုတ်ကြော် တို့ဖြင့်တွဲဖက်ပြီး ထောပတ် ဆော့စ် နှင့် တည်ခင်းနိုင်ပါသည်။