အိမ်မှာထောင်းစားတဲ့ စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေး လုပ်စားကြရအောင်နော်။

ပါဝင်ပစ္စည်းများ

  • သင်္ဘောသီး ခြစ်ပြီးသား – ၁ ပန်းကန်
  • သံပုရာသီး – ၁ လုံး
  • ခရမ်းချဉ်သီး – ၂ လုံး
  • ခရမ်းကျွတ်သီး – ၂ လုံး
  • ပဲတောင့်ရှည် – ၂ တောင့်
  • ဥနီ – ၁ပိုင်း (အမျှင်လေးများခြစ်ထားပါ)
  • ကြက်သွန်ဖြူ – အနည်းငယ်
  • ပုဇွန်ခြောက် – အနည်းငယ်
  • မကျည်းဖျော်ရည် – အနည်းငယ်
  • ငရုတ်သီး – အနည်းငယ် (ချိန်ဆထည့်ပါ)
  • ပုဇွန်ငံပြာရည် – အနည်းငယ်
  • ဂဏန်းငါးပိ – အနည်းငယ် (မရှိပါက ငါးပိ ရိုးရိုး ကြိုပြီး ထည့်ပါ)
  • ဟင်းချိူမှုန့် – အနည်းငယ်
  • ထန်းလျက်ရည် – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ငရုတ်ဆုံ သန့်သန့် ထဲသို့ ငရုတ်သီး အနည်းငယ် ထည့်ပြီး ထောင်းပါမယ်။ ငရုတ်သီးကို ၄ စိတ် ကွဲရုံ အနည်းငယ် ထောင်းပြီးသည်နှင့် ကြက်သွန်ဖြူ ထည့်ပါ။ ပဲသီး ထည့်ပါ။
  2. သင်္ဘောသီး ခြစ်ပြီးသား ထည့်ပါ ။ ခရမ်းချဉ်သီး လှီးထည့်ပါ ။ ဥနီ ခြစ်ပြိးသာ ထည့်ပါ။ ထန်းလျက်ရည် အနည်းငယ် ထည့်ပါ ။ အချိူ မကြိုက်သူများ မထည့်လည်း ရပါတယ်။
  3. မန်ကျည်းရည် ဟင်းခတ် ဇွန်း ၂ ဇွန်း ထည့်ပါ ။
  4. ငံပြာရည် ၁ ဇွန်း ၊ အချိူ မှုန့် အနည်းငယ် ၊ ငါးပိ ၁ ဇွန်း နှင့် ပုဇွန်ခြောက် အနည်းငယ် တို့ကို အချိူးကျ ပေါင်းစပ်ပြီး သံပုရာသီး လှီးထည့်ကာ အနည်းငယ် ထောင်းလိုက်ပါက ယိုးဒယား သင်္ဘောသီးထောင်း ရပါပြီ။

မုန့်ဟင်းခါးဖတ် ၊ ကြက်ကင် ၊ အသီးအရွက် အမျိုးမျိုး ၊ ဥပမာ – လတ်ဆတ်သော ဂေါ်ဖီ ၊ ကန်စွန်းရိုးနီ အညွန့်၊ ပဲသီး စသည်တို့ဖြင့် တွဲဖက် သုံးဆောင် နိုင်ပါသည် ။ ** ကြေညက်အောင် မထောင်းရပါ ။ အရသာကို မိမိ စိတ်ကြိုက် ပြင်ဆင် သုံးဆောင်နိုင်ပါသည် ။

MyFood Myanma