Food Research International ရဲ့ လေ့လာတွေ့ရှိချက်အရ သစ်တော်သီးတွေဟာ ဆီးချိုဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုသမားတွေ အတွက်လည်း ပိုဆိုးမလာအောင် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သစ်တော်သီးဟာ အဝလွန်ရောဂါဖြစ်စေဖို့ ၃၅% အခွင့်အလမ်း နည်းစေတယ်လို့ ဆိုပါတယ်။

Source: AARP Blog

သစ်တော်သီးဟာ အဆီ ၊ ကိုလက်စထရော နဲ့ ဆိုဒီယမ်တို့ ကင်းစင်ပြီး ပိုတက်ဆီယမ်လည်း ၁၉၀ မီလီဂရမ်သာ ပါဝင်နေတာဖြစ်ပါတယ်။ သစ်တော်သီးတွေဟာ ဗီတာမင် စီ ကြွယ်ဝစွာပါဝင်တဲ့အပြင် ဖိုက်ဘာ တွေရရှိဖို့လည်း အကောင်းဆုံး အရင်းအမြစ်တွေဖြစ်နေပါတယ်။ သာမန်အရွယ်အစား သစ်တော်သီး တစ်လုံးဟာ နေ့စဉ်လိုအပ် တယ်ဆိုတဲ့ ဖိုက်ဘာ ၂၄ ရာခိုင်နှုန်း ပါဝင်ပြီးတော့ ကယ်လိုရီ အားဖြင့် ၁၀၀ သာ ပါဝင်နေတယ်လို့ သိရပါတယ်။

Source: The Fruit Company

သစ်တော်သီးဟာ အမျှင်ဓာတ်များတဲ့ အတွက် သွေးတွင်းက သကြားဓာတ်ကို လျှော့ချပေးနိုင်ပြီး တစ်နေ့တစ်လုံး ပုံမှန်စားပေးခြင်းဖြင့် သွေးဖိအားကိုလည်း ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် သစ်တော်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်ပါတယ်။ အသည်းရောဂါ နှလုံးရောဂါ အတွက် ကောင်းမွန်ပါတယ်။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အတွက် ခွန်အားကို ပေးပါတယ်။ အစာမကြေခြင်း အတွက် အထူးပင် ကောင်းမွန်စေနိုင်ပါတယ်။

Source: Dr. Weil

အရည်ရွှမ်းပြီး ဗိုက်ကို ပြည့်စေနိုင်တာကြောင့် ဆီးချိုသမားတွေအတွက် သင့်တော်တဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။