အပြင်မှာ ဝယ်စားရတဲ့ ရေခဲချောင်းတွေက အရသာရှိပေမယ့် သကြားတွေပါဝင်မှုများတာ၊ တခြားဓာတုပစ္စည်းတွေ ထည့်ထားတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

ဒါ့ကြောင့် အိမ်မှာ အလွယ်တကူပဲ အသီးလေးတွေနဲ့ ရေခဲချောင်း လုပ်စားရအောင်နော်။

ပါဝင်ပစ္စည်းများ (၆ ယောက်စာ) 

အုန်းသီး ကိုခြစ်ထားတဲ့ ခွက် ၁ ခွက်

နာနတ်သီး ခွက်တစ်ခွက်ခွဲ

ရေ တစ်ခွက်

ရေခဲချောင်း ခဲမယ့် မိုခွက် (Popsicle Mold)

(Popsicle Mold ကို ရန်ကုန်မြို့ ရှိ ဈေးဝယ်စင်တာတချို့မှာလည်း ရနိုင်ပါတယ်။ အကယ်၍ မရနိုင်ရင် တရုတ်နိုင်ငံက ပစ္စည်းတွေမှာယူဝယ်ယူလို့ရတဲ့ SGShop Myanmar မှာ ဝယ်ယူလို့ရပါတယ်။)

ပြုလုပ်နည်း

နာနတ်သီးတွေကို ပါးပါးလေးတွေ လှီးပါ။

ရေခဲချောင်းခဲမယ့် မိုခွက် (Popsicle Molds) တွေထဲကို နာနတ်သီး နဲ့ အုန်းသီး လေးတွေထည့်ပါ။

ပြီးရင် ရေထည့်ပြီး လေလုံအောင် ပိတ်ပါ။

ရေခဲချောင်းကို ၅ နာရီလောက်ကြာအောင် ခဲထားပါ။း

ကဲ အရသာရှိတဲ့ ရေခဲချောင်းလေးကို စားလို့ရပြီနော်။