အနောက်တိုင်းဟင်းလျှာပြင်ဆင်ချက်ပြုတ်နည်းနဲ့အရှေ့တိုင်းဟင်းခတ်အမွှေးအကြိုင်တွေ ရောနှောချက်ပြုတ် ပြင်ဆင်ထားတဲ့ ဝက်မိုးခိုသားကို နာနတ်သီးနဲ့အချိုချက်ထားပြီး အရသာထူးပြီး လူငယ်တွေ အကြိုက်တွေ့စေမှာပါ…ဝက်သားကို နာနတ်သီးနဲ့ချက်ထားတာမို့အစာကြေဖို့လည်းလွယ်ကူမှာပါ. ထမင်းဖြူ နဲ့ပဲဖြစ်ဖြစ်..ပေါင်မုန့်အကြမ်း တစ်မျိုးမျိုးနဲ့ပဲဖြစ်ဖြစ်သုံးဆောင်မယ်ဆိုရင် သေချာပေါက် အားရကျေနပ်မှုရစေမှာ ပါ…ကဲ…စချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဝက်မိုးခိုသား – ၂၅ ကျပ်သား
  • နာနတ်ရည် – ၂၀၀ မီလီလီတာ
  • ချင်း – အနည်းငယ်
  • ကြက်သွန်ဖြူ – ၃ တက်
  • အော်ရီဂါနိုအရွက် – အနည်းငယ်
  • ငရုတ်ကောင်မှုန့် – အနည်းငယ်
  • ပဲငံပြာရည်(အငန်)- ၁ ဇွန်း
  • ပဲငံပြာရည် (အချိ) – ၁ ဇွန်း
  • ပျားရည် – ၁ ဇွန်း
  • နာနတ်သီး – ၁ စိတ်
  • ဝိုင်ဖြူ – ၁၀၀ မီလီလီတာ
  • ဘေကွန်ဆီ – ၂ ဇွန်း

ပြုလုပ်နည်း

  1. ဝက်မိုးခိုသားကို အရွတ်ထုတ်ပြီး အတုံးထူထူလှီးပါ။ ဝက်မိုးခိုသားကို အရွတ်ထုတ်ပြီး နာနတ်ရည်၊ ချင်း၊ ကြက်သွန်ဖြူ၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ အောရီဂါနိုးအရွတ်၊ ပဲငံပြာရည် (အငန်)၊ ပဲငံပြာရည်(အချို)၊ နှမ်းဆီမွှေး၊ နာနတ်သီး တို့ဖြင့် အရသာသွင်းပါ။
  2. ဘေကွန်ဆီအနည်းငယ်ကို အပူပေးပြီး အရသာသွင်းထားသော ဝက်မိုးခိုသားကို ထည့်ကြော်ပါ။
  3. အရသာသွင်းထားသော ဝက်မိုးခိုသားကို ဝိုင်ဖြူ၊ နာနတ်သီး၊ နာနတ်ရည် တို့နှင့်ရောချက်ပါ။
  4. ဝက်မိုးခိုသားညိုလာပါက ဝိုင်ဖြူအနည်းငယ်နှင့် အရသာသွင်းထားသော နာနတ်သီး၊ နာနတ်ရည်တို့ထည့်ချက်ပါ။
  5. ဝက်မိုးခိုသားနူးလာပါက အောရီဂအော်ရီဂါနိုးအရွက်နှင့် အလှဆင်တည်ခင်းနိုင်ပါတယ်။