ရာသီဥတုကလည်း ပူတော့ ထမင်းမစားချင်တာနဲ့ ပလာတာနဲ့ ကြက်သား ချက်စားပါတယ် ။ ပုံမှန်စားနေကြမဟုတ်ပေမယ့် တခါတလေ စားချင်စိတ်ဖြစ်လာပြီဆိုရင် ချက်နည်းကို လိုက်လံရှာဖွေစရာမလိုဖို့ သိမ်းထားလို့ရအောင် ပြန်လည်ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ပလာတာ – တစ်ထုပ် (ရယ်ဒီမိတ် ၅ချပ်ပါ )
  • ကြက်ရင်ဖုံ – ၇၅ ကျပ်သားခန့်
  • ကြက်သွန်နီ – ၃ လုံး
  • ကြက်သွန်ဖြူ – ၅ မွှာ
  • ဂျင်း – အနည်းငယ်

13170717_793961490739421_1865147494_o

  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • အရောင်တင်မှုန့် – အနည်းငယ်
  • ခရမ်းချဉ်သီး – ၅ လုံး
  • အားလူး – ၆ လုံး
  • ပျဉ်တော်သိမ်ရွက်၊ ဆား၊ ဆီ၊ နနွင်းမှုန့်

ပြင်ဆင်ပြုလုပ်နည်း

ပလတာကတော့ ရယ်ဒီမိတ်ကို ဝယ်ပါတယ်။ ကြက်ရင်ဖုံကို ရေစင်အောင်ဆေးကြောပြီး တစ်လက်မခန့် အတုံးလေးများ တုံးထားပါ။ ကြက်သွန်နီ/ဖြူ၊ ဂျင်း နှင့် ငရုတ်ကောင်းစေ့အနည်းငယ်၊ အရောင်တင်မှုန့်နှင့် ရောထောင်းပြီး ကြက်သားနှင့် ရောနယ်၍ နှပ်ထားပါ။

ခရမ်းချဉ်သီးကို ပါးပါးရှည်ရှည် လှီးထားပါ ။ အားလူးကိုလည် အတုံးလေးများ တုံးထားပါ။ ဒယ်အိုး (သို့) ဒန်အိုး တစ်လုံးကို မီးဖိုးပေါ်တင်ပြီး ဆီးထည့်၍ ဆီပူလာလျှင် နယ်ထားသော ကြက်သားများကို ထည့်လုံးပါ။ ကြက်သား အရောင်ပြောင်းသွားလျှင် ခရမ်းချဉ်သီးကို ထည့်ပါ။ ထိုနောက် ရေအနည်းငယ် ထည့်၍ အုပ်ထားပါ။

ကြက်သားနုလာကာနီးတွင် အားလူးကိုထည့်၍ မီးအေးအေးနှင့် တည်ပါ။ အားလုံး နူးလျှင် ပျဉ်တော်သိမ်ရွက်ကို အုပ်ပါ။ အပေါ့အငန်မြည်း၍ အရသာအနေတော်လျှင် ရယ်ဒီမိတ်ဝယ်ထားသော ပလာတာကို မီးအေးအေးဖြင့် ကြော်၍ အရသာရှိလှတဲ့ ပလာတာနှင့် ကြက်သားချက် စားသုံးနိုင်ပါပြီ။

အချဉ်ကိုတော့ သခွာသီးပါးပါးလှီး၊ ငရုတ်သီးစိမ်းပါးပါးလှီး နှင့် ပူတီနှံ တို့ကို ရောပြီး သံပုရာသီး (သို့) ရှာလကာရည်ဖြင့် ရောနယ်၍ တွဲဖက်စားသုံးနိုင်ပါသည်။

85c

Credit: MyFood Myanmar