တောင်ကိုရီးယား ရုပ်ရှင်တွေ၊ သီချင်းတွေကို လူကြိုက်များလာတာနဲ့ အမျှ တောင်ကိုရီးယား အစားအစာတွေကလည်း မြန်မာပြည်သူတွေကြားမှာ စားသုံးလာကြပါတယ်။

ကိုရီးယား ကမ်ချီ၊ တော့ပုကီ၊ ရေညှိ၊ ကိုရီးယား ခေါက်ဆွဲခြောက်နဲ့ စတဲ့ အစားအစာတွေက မြန်မာပြည်သူကြားမှာ လူကြိုက်များတဲ့ အစားအစာတွေဖြစ်လာကြပါတယ်။

တောင်ကိုရီးယားမှာလည်း ရေညှိခြောက်ကို ဒီမှာ အာလူးကြော်၊ နေကြာစေ့စားသလို အပျင်းပြေစားကြပါတယ်။

ဒါပေမယ့် အာလူးကြော်တို့နဲ့ မတူတာကတော့ ရေညှိခြောက်မှာ ကျန်းမာရေး ကောင်းကျိုးတွေအများကြီးရှိပြီး အာလူးကြော်လောက်လဲ ကိုယ်အလေးချိန် မတက်စေပါဘူး။

ရေညှိကို ဒီအတိုင်းလည်း စားကြသလို ထမင်းနဲ့ ခေါက်ဆွဲတို့နဲ့လည်း တွဲစားလေ့ရှိပါတယ်။

မြန်မာနိုင်ငံတင်မကပါဘူး တောင်ကိုရီးယားနိုင်ငံထုတ် ရေညှိကို နိုင်ငံတော်တော်များများက ကြိုက်နှစ်သက်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၂၅၀ လောက် နိုင်ငံခြားကို တင်ပို့နေကြရပါတယ်။

ရေညှိရဲ့ အရသာ

ရေညှိရဲ့ အရသာလေးက စိမ့်စိမ့်လေးဖြစ်ပါတယ်။ တချို့ အသင့်စား ရေညှိလေးတွေက စပ်တဲ့ အရသာပါတဲ့ ရေညှိလေးတွေလည်းရှိပါတယ်။

ကိုရီးယား ထမင်းလိပ်လိပ်တဲ့နေရာမှာလည်း သုံးနိုင်တဲ့ ရေညှိလေးတွေလည်း ရှိပါတယ်။ ရေညှိလေးကို ခေါက်ဆွဲပြုတ်တဲ့နေရာ၊ ဟင်းချိုချက်တဲ့နေရာကနေအစ ဟင်းလျာတွေချက်ပြုတ်တဲ့ အထိကို အသုံးပြုလို့ရပါတယ်။ တချို့ ရေညှိလေးတွေက

အဆာပြေစားတဲ့ ရေညှိလေးတွေဆိုရင် ငန်ငန်လေးနဲ့ ကြွပ်ကြွပ်လေးတွေနဲ့ အပျင်းပြေ ၀ါးစားလို့ရပါတယ်။

ကိုရီးယား သရေစာ (Snack Food) လေးတွေဖြစ်တဲ့ ရေညှိလေးတွေနဲ့တခြား အစားအစာတွေကို City Mart Supermarket နဲ့ Ocean Supercenter တို့မှာ ၀ယ်ယူရရှိနိုင်ပါတယ်။