ဒီတစ်ခါမှာတော့ ဝက်သားကိုဒီအတိုင်းချက်မစားဘဲ ကြက်ဟင်းခါးသီးနဲ့ရောပြီး စားကြမယ်နော်။ ကြက်ဟင်းခါးသီးအရသာက ခါးပေမယ့်လည်း ကြိုက်တဲ့လူတွေအတွက်ကတော့ ထမင်းစားမကောင်းတဲ့အခါ တကယ်ကောင်းတဲ့ဟင်းတစ်ခွက်ပါ။

ပါဝင်ပစ္စည်းများ

  • ဝက်သား
  • ကြက်ဟင်းခါးသီး
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆား
  • သံပုရာသီး
  • ဆီ
  • ငရုတ်အစိမ်းမှုန့်
  • နနွင်းမှုန့်အနည်းငယ်
  • အချိုမှုန့်အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

  1. ဝက်သားကို အတုံးသေးသေးတုံးပြီး နနွင်းမှုန့်အနည်းငယ် ၊ ဆားနှင့် နယ်ထားပါ။ ကြက်ဟင်းခါးသီးကို ၂ လက်မပတ်လည်ခန့်တုံးပြီး ဆားနှင့်နယ်ပြီး ရေဆေးပါ (အခါးအရသာကြောက်ပါက)။
  2. အခါးအရသာကြိုက်ပါက ဆားနှင့်နယ်ဆေးရန်မလိုပါ ။ အနေတော်တုံးပြီး ဆား ၊ သံပုရာရည်ညှစ်ပြီး နယ်ထားပါ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုတ်အစိမ်းမှုန့်ကို ရောထောင်းထားပါ။
  3. ဒယ်အိုးကို အပူပေးပြီး အိုးပူလာပါက ဝက်သား တုံးလေးများ ထည့်မွှေပါ။ ဆီထွက်လာသည်အထိ။ အသားများ ကျစ်ပြီး ဆီထွက်လာပါက ပန်းကန်လွတ် တခုထဲသို့ ဝက်သားကို ခပ်ထားလိုက်ပါ။ ဝက်သားမှ ထွက်လာသောဆီကို ခပ်ထုတ်လိုက်ပါ။
  4. ပဲဆီ/နေကြာဆီ (သို့) မိမိသုံးနေကျ ဆီကို ထည့်ပါ။ ဆီပူလာပါက ကြက်သွန် ဆီသတ်ပါ။ ကြက်သွန် အရောင်ကြည် လာပါက ကြက်ဟင်းခါးသီး ထည့်ပါ။
  5. ကြက်ဟင်းခါးသီး တဝက်နူးသည့် အနေအထားတွင် ခပ်ထားသော ဝက်သားများကို ရောထည့်မွှေလိုက်ပါ ။ အရသာ အနေတော် ပြင်ပြီး ဆီပြန်လာပါက သုံးဆောင်နိုင်ပါပြီ။

Credit: စားကြမယ်နော်