ဝက်သားဆီပြန်နှပ်


Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်သား ၃၀သား
  • ကြက်သွန်နီ ၁၀ လုံး
  • ကြက်သွန်ဖြူအသေး ၁ လုံး
  • ဂျင်းလက်တဆစ်ခန့်
  • ငရုပ်သီအနီအပု၃တောင့်
  • ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
  • ဆီ ၁၀သားခန့်
  • ဆား
  • နနွင်းမှုန့်
  • ဟင်းခတ်မှုန့်

ပြုလုပ်နည်း

  1. အရင်ဦးဆုံး ဝက်သားကို ရေစင်အောင်ဆေးပြီး အရွယ်တော်လှီးပြီး ဇကာနဲ့ စစ်ထားပါမယ် ။
  2. ရေစစ်လျင် ပဲငံပြာရည်အနောက် နနွင်းမှုန့် အနည်းငယ် ဆားဟင်းခတ်မှုန့်တို့ဖြင့် ရောနယ် ထားရပါမယ်။
  3. ကြက်သွန်နီ၃လုံးကြက်သွန်ဖြူ ဂျင်းငရုပ်းသီးတို့ကိုရောထောင်းထားပါမယ်။
  4. ကျန်ကြက်သွန်နီ ၇ လုံးကိုဆီသတ်ပြီး ဆယ်ထားပါမယ်။
  5. ပြီးလျင် ထောင်းထားသော ငရုပ် ကြက်သွန်တို့ကို အစိမ်းနံ့ပျောက်အောင် ဆီသတ်ပြီး နယ်ထားတဲ့ ဝက်သားကို ထည့်ချက်ပါမယ်။
  6. ရေနည်းနည်းချင်းစီထည့်ပြီးမီးအလျာ့အတင်းလုပ်ပြီးနှပ်ထားပါ။
  7. ဝက်သားများနူးလာလျင်ဆယ်ထားသေားကြက်သွန်ကြော်ကိုချေပြီးအိုးထဲထည့် အပေါ့အငံမြည်းပြီးသုံးဆောင်လို့ရပါပြီရှင်။
  8. မှတ်ချက် ။ ဤနည်းအတိုင်း ကြက်သားကိုချက် ကြက်သွန်နီကြော်ဖတ်ပိုချေထည့် ဆီအနည်းငယ်ပိုထည့် ဟင်းခတ်မဆလာအုပ်၍ ပလာတာနှင့် တွဲဖက်ပြီးသုံးဆောင်လို့ရပါတယ်ရှင်။

Credut: Su Myat Mon

Review

User Rating

4.6 (5 Votes)