MyFood Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါနော်။ ဒီတခါတင်ဆက်ပေးချင်တာကတော့ ဝက်သုံးထပ်သားကို ခရုဆီလေးနဲ့ ချက်တဲ့ဟင်းလျာလေးပါ။ အချို့သူများက ဝက်သားစားတဲ့အခါ အသားကိုစားကြပေမယ့် အချို့သူများကတော့ အဆီအသားညီမျှတာကို စားချင်ကြပါတယ်။ ဒါကြောင့် ဒီဟင်းလျာလေးက အသင့်တော်ဆုံးပါပဲနော်။ ခရုဆီပဲငံပြာရည်တို့နဲ့ နှပ်ထားတာဖြစ်လို့ ကလေးလူကြီးအကြိုက် ခံတွင်းတွေ့မယ့်ဟင်းလျာလေးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သုံးထပ်သား
  • ခရုဆီ
  • ပဲငံပြာရည်
  • သကြား အနည်းငယ်
  • ကြက်သွန်နီ ၄စိတ်

  • ကြက်သွန်ဖြူ
  • ရေကျက်အေး အနည်းငယ်
  • အသီးအရွက်
  • ဆီ
  • ကော်ရည် အနည်းငယ်

ပြုလုပ်နည်း

၁။ ဝက် သုံးထပ်သားကို ဆေးကြော သန့်စင်ပြီးနူး နေအောင် အရင် ပြုတ်ပြီး အပြားလိုက် လှီးထားပါ။

၂။ ခရုဆီ၊ ပဲငံပြာရည်၊ သကြားအနည်းငယ်၊ နှစ်သက်ရာ အသီးအရွက်များ၊ ကြက်သွန်နီ ၄ စိတ်၊ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ရေကျက်အေး အနည်းငယ် ထည့်ကာနှပ်ပါ။

၃။ အသီးအရွက်တွေ နူးပြီး ဆီပြန် လာရင် ကော်ရည် အနည်းငယ် နဲ့ ငရုပ်ကောင်းမှုန့်လေး ထည့်ပြီး မီးပိတ်ကာ သုံးဆောင်နိုင်ပါပြီ။

Credit: Thida Lay & Kay Khine