ထမင်း - Rice Dishes | ဝက်သား - Pork

ဝက်သားထောင်း နှင့် ထမင်းဖြူ

April 26, 2016

ဝက်သားထောင်း နှင့် ထမင်းဖြူ

Share this on:

ပါဝင်ပစ္စည်းများ

  • ဝက်ပေါင်သား (အဆီမပါ)
  • ဆား
  • ဂျင်းရည်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ငြုပ်ကြမ်းမှုန့် သင့်ရုံ
  • ဆီ
  • ထမင်း

ပြုလုပ်နည်း

  1. အဆီမပါတဲ့ ဝက်ပေါင်သားကို ဆား ၊ ဂျင်းရည်ဖြင့် နယ်ပြီး နူးအောင် ပြုတ်ထားပေးပါ ။
  2. အသားနူးလျှင် အအေးခံပြီး နွှင်ထားပါ ။
  3. ကြက်သွန်နီ ကို ကြမ်းကြမ်းလှီးပါ ။ ကြက်သွန်ဖြူ ၊ ငြုပ်ကြမ်းမှုန့် သင့်ရုံကို နွှင်ထားသော အသားများဖြင့် ရောကာ အရမ်း ညက်မသွားအောင် ခပ်ဖွဖွထောင်းပေးပါ ။ ဆား အပေါ့အငံ ပြင်ပါ ။
  4. ထောင်းထားတဲ့ ဝက်သားထောင်းကို ဆယ်ယူပြီး ဆီရွှဲရွှဲလေး ဆမ်းကာ ထမင်းပူပူ ဆီဆမ်းလေးဖြင့် တွဲဖက် စားသုံး နိုင်ပါတယ် ။
Credit: Soe Cooking Collection

Review

User Rating

0 (0 Votes)