အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ နေ့ခင်းနေ့လည် အပျင်းပြေပဲဖြစ်ဖြစ်၊ ထမင်းစားမကောင်းလို့ အပြောင်းအလဲအနေနဲ့ဖြစ်ဖြစ် စားချင်သူများအတွက် ဝက်ဆီဖတ်သုပ်နည်းလေး ဖော်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ဆီဖတ်
  • ဂေါ်ဖီ
  • ကြက်သွန်နီ
  • ငရုပ်သီးစိမ်း
  • ငံပြာရည်
  • ခရမ်းချဉ်သီးဆော့ တဇွန်း
  • ငရုပ်သီးမူန့်
  • နံနံပင်
  • ဆီ

ပြုလုပ်နည်း

  1. ဝက်ဆီဖတ် ကတော့ ဈေးက ဝယ်တာပါ ။ ဝက်ဆီဖတ်များကို ဆီနဲ့ ပြန်ကြော်ပါ။
  2. ကြက်သွန်နီ ပါးပါးလှီး ထားပါ  ။  ဂေါ်ဖီ ၊ ငရုပ်သီးစိမ်းတို့ကို လှီးထားပါ။
  3. အားလုံး အသင့်ဖြစ်ပြီ့ဆိုရင် ပန်းကန်ထဲ အားလုံးထည့်ပြီး  အချိုမှုန့် ၊ ငံပြာရည် ထည့်ပါ ။  ခရမ်းချဉ်သီးဆော့ တဇွန်း ၊ ငရုပ်သီးမူန့် ထည့်သုပ်ပါ ။  နောက်ဆုံးမှ နံနံပင် ထည့်ပါ။

Credit: War War Khin Hlaing