တော်တော်များများက ဝက်သားဆိုရင် ဝက်သားဟင်း၊ ဝက်သားကြော်၊ ဝက်သားပြုတ်ကြော် စတာတွေပဲ လုပ်စားကြတာများပါတယ်။ တချို့ကျတော့လည်း ဝက်သားချိုချဉ်ကြော်နဲ့ ဝက်သားစဉ်းကောတွေလည်း လုပ်စားကြတာတွေ့ရပါတယ်။ တစ်ခါတစ်လေမှာတော့ အရင်နဲ့မတူအောင် လုပ်စားကြည့်သင့်ပါတယ်။ ပုံမှန်စားနေကျ အရသာထက် ကွဲထွက်နေတာမျိုးတွေက ပိုစားလို့ကောင်းစေပါတယ်။

ဒါကြောင့် ဝက်သားကို စားနေကျအရသာတွေထဲက ကွဲထွက်ပြီး ပိုစားကောင်းအောင် ဘယ်လိုတွေကြော်ရမလဲဆိုတာကို ပြောပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ ဝက်သား – တစ်ကီလိုကို အတုံးသေးသေးလေးတွေတုံးပြီး ပန်းကန်ထဲထည့်ပေးပါ။ ပဲငံပြာရည် – ခွက်ရဲ့လေးပုံ ပုံ တစ်ပုံစာထည့်ပြီး နယ်ပေးပါ။ ပြီးရင်တော့ ၁၅ မိနစ် (သို့) ၂၅ မိနစ်လောက်စိမ်ထားလိုက်ပါ။

ဒယ်အိုးထဲကို ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းစာထည့်ပြီး ထောပတ် – စားပွဲတင်ဇွန်း ၁ ဇွန်းစာထည့်မွှေပါ။ နုတ်နုတ်စင်းထားတဲ့ ကြက်သွန်ဖြူ ၂ တက်ကိုလည်း ထည့်ကြော်ပါ။ ပြီးရင်တော့ ခုနကစိမ်ထားတဲ့ ဝက်သားတွေကိုထည့်ကြော်ပေးပါ။ အညိုရောင်သမ်းသွားတဲ့အချိန်ထိ ၁၀ မိနစ် (သို့) ၁၅ မိနစ်လောက် ဇွန်းနဲ့မွှေကာ ကြော်နေပေးပါ။

နောက်ဆုံးမှာတော့ ဒယ်အိုးထဲကခူးထုတ်ပြီး ပန်းကန်ထဲထည့်ကာ အပေါ်ကနေ ကြက်သွန်ကြော်လေးတွေ ဖြူးပေးလိုက်ပါ။ ဒါဆိုရင်တော့ စားနေကျအရသာတွေထဲကကွဲထွက်ပြီး ပိုစားလို့ကောင်းနေတဲ့ ဝက်သားကြော်ကို ရရှိသွားပါပြီ။ ဒီဝက်သားကြော်ကိုတော့ Pork Salpicao လို့ခေါ်ပါတယ်။

Photo Source: www.yummyph.com