အားလုံးပဲမင်္ဂလာပါနော်။ ဝက်ခေါက်ကင်ကြိုက်တဲ့သူတွေအတွက် ဆိုင်မှာ တကူးတက သွားစားစရာမလိုဘဲ အိမ်မှာ ဘယ်လိုလုပ်လို့ရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၃ ထပ်သား ၁၅ ကျပ်သား
  • ပဲငံပြာရည် အနည်းငယ်
  • ပျားရည်အနည်းငယ်

  • ငရုတ်သီးအနှစ်အနည်းငယ်
  • သကြားအနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဝက်သားလေးတွေကို အတုံးလိုက်လှီးလည်းရသလို အဲဒီလိုမလှီဘဲ ရေသေချာဆေးလိုက်ပြီး တခြားပါဝင်ပစ္စည်းတွေနဲ့ နယ်ပေးလိုက်ပါ။

ပြီးရင် အသားထဲ အရသာဝင်သွားအောင် ၂ နာရီ ၃ နာရီလောက် နှပ်ထားပေးလိုက်ပါ။

ပြီးပြီဆိုရင်တော့ ဝက်သားကို Pan အိုးထဲထည့်လိုက်ပါ။ ပြီးရင် အပူပြင်းပြင်းနဲ့ ကြော်ပေးသလိုမျိုး ကင်ပေးရမှာဖြစ်ပါတယ်။

ရပြီဆိုရင်တော့ ပါးပါးလှီးပြီး မိမိနှစ်သက်ရာ အချဉ်ရည်နဲ့ သုံးဆောင်နိုင်မှာဖြစ်ပါတယ်နော်။

By: MyFood Myanmar