ဝက်သား - Pork | ဟင်းသီးဟင်းရွက် - Vegetables | အပေါင်း - Steamed

အင်းလေးရိုးရာ (ဝက်သားဟင်းထုပ်)

April 27, 2016

အင်းလေးရိုးရာ (ဝက်သားဟင်းထုပ်)

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ်
  • ဆန်မှုန့်
  • ဝက်သားသုံးထပ်သား
  • ပဲဆီသန့်
  • ဆား
  • အသားမှုန့်
  • ငှက်ပျောဖက်
  • ကြက်သွန်ဖြူ ကြော်
  • နနွင်းမှုန့်
  • ငရုပ်သီးအကြမ်းမှုန့်
  • ဝက်ခေါက်ကြော်
  • ဂျူးဖူး ဂျူးမျစ် 
  • နံနံပင်

 

ပြင်ဆင်ပြုလုပ်နည်း

  1. ကြက်သွန်မြိတ်ကို ဆေးကြေားသန်စင်ပြီး လှီးဖြတ်ထားပါ ။

2. ဆန်မှုန့်ကို စိမ်းထားပါ ။

3. ဝက်သားသုံးထပ်သားကိုဆေးကြောသန့်စင်ပြီး အတုံးသေးသေးတွေ တုံးထားပါ ။

4. အဲဒီသုံးမျိုးကို သမအောင် နယ်ပေးပါ ။  ရေသန့်အနေတော်၊ ပဲဆီသန့် ၊ ဆား ၊ အသားမှုန့်ထည့်ပြီး သမအောင်နယ်ပေးပါ ။
5.  ပြီးလျှင် ပုံမှာပြထားသည့်အတိုင်း ငှက်ပျောဖက်နှင့် ကတော့ပုံ ထုပ်ပါ ။

6. အထုပ်ညီညီ ထုပ်ပေးပါ ။ အထုပ်ညီမှ အကျက်ညီမှာပါ ။  နာရီဝက်ခန့်ပေါင်းပေးပါ ။

8.  ကြက်သွန်ဖြူကို နနွင်းမှုန့်နှင့်ကြော်ပီး ဆီသတ်ထားပါ ။
9. ငရုပ်သီးအကြမ်းမှုန့်ကို ကြော်ထားပါ ။ ပြီးလျှင် ဝက်ခေါက်ကြော် ၊ ဂျူးဖူး ဂျူးမျစ် ၊ နံနံပင် တို့နှင့်တွဲဖက်သုံဆောင်နိင်ပါပြီ ။

Credit: Original Post

Review

User Rating

5 (1 Votes)