အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ချက်ပုံချက်နည်းတစ်မျိုးလေးနဲ့ အရသာရှိတဲ့ အာလူးကင်မ်ချီကြော်ပြုလုပ်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • အာလူး အကြီး ၃ လုံး
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ငရုတ်သီးမှုန့် အနည်းငယ်
  • ဆားနဲ့ ငရုတ်ကောင်းအနည်းငယ်
  • ဝက်ပေါင်ခြောက် ၂ပြား(ပါးပါးလှီးပါ)

  • ကင်မ်ချီ ခွက် ၂/၃ ပုံ (ပါးပါးလှီးပါ)
  • ကြက်သွန်နီ ပါးပါးလှီးပါ
  • ချိစ်အနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီး)

ပြုလုပ်နည်း

အရင်ဆုံး အာလူးကို ပါးပါးလှီးပေးလိုက်ပြီး သံလွင်ဆီ၊ ငရုတ်သီးမှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ရောနယ်လိုက်ပြီး ကြော်ပေးလိုက်ပါ။ (Oven ရှိရင် အပူချိန် ၄၅ ဒီဂရီနဲ့ ၄၅ မိနစ်လောက် ကင်ပေးလိုက်လို့ရပါတယ်)

အာလူးရပြီဆိုရင်တော့ ခဏထားထားလိုက်ပါ။

ဝက်ပေါင်ခြောက်ကို ကြော်ပေးလိုက်ပါ။ အိုးထဲမှာ ဆီမထည့်ပါနဲ့။ ပြီးရင်တော့ ခဏဖယ်ထားပါ။

အဲဒီနောက် ကင်မ်ချီကို ကြော်ပေးလိုက်ပါ။ ဆီနည်းနည်းနဲ့ ကြော်ပေးရမှာဖြစ်ပါတယ်။

ပြီးရင်တော့ ကြက်သွန်နီနဲ့ သကြားထည့်ပေးလိုက်ပြီး သေချာမွှေပေးလိုက်ပါ။

ပြီးရင်တော့ အာလူးတစ်ထပ်၊ အားလူးအပေါ်ကနေ ချိစ်လေးခင်းလိုက်ပါ။

ပြီးရင်တော့ ကင်မ်ချီလေးခင်းပေးလိုက်ပြီးချိစ်လေးထပ်ခင်းပါ။

ချိစ်အရည်ပျော်သွားအောင် ၁ မိနစ် ၂ မိနစ်လောက် Oven ထဲထည့်ပြီးအပူပေးလိုက်ပါ။ အရည်ပျော်သွားပြီဆိုရင်တော့ ကြက်သွန်မြိတ်နဲ့ ဝက်ပေါင်ခြောက်ထည့်ပေးလိုက်ပြီး သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar