အာလူးပန်ကိတ်ကို မှိုနဲ့ ရောနှောပြီး ကြော်လိုက်မယ်ဆိုရင်တော့ တကယ့်ကိုအရသာရှိတဲ့ မုန့်လေးကို ရရှိသွားမှာပါ။ ပြုလုပ်ချိန်ကလည်း အချိန်အများကြီး မပေးရတဲ့အတွက်ကြောင့် ကိုယ်စားချင်တဲ့အချိန်သွားမှာ သွားကြော်စားလိုက်လို့ရတာပေါ့။

ပါဝင်ပစ္စည်းများ

Photo Source: www.realsimple.com

  • အာလူးအကြီး ၃ လုံး (အခွံခွာထားပါ)
  • ကြက်ဥ ၁ လုံး
  • ကြက်သွန်နီ တစ်ခြမ်း
  • မှို ပန်းကန်လုံး ၃ ပုံ ၂ ပုံခန့်

ကြက်သားမှုန့်က ကျန်းမာရေးနဲ့ ညီညွတ်ပါသလား

  • ဂျုံမုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆား
  • ငရုတ်ကောင်း
  • ခရင်မ် (တွဲဖက်စားသုံးရန်အတွက်)

ပြုလုပ်နည်းအဆင့်ဆင့်

အခွံခွာထားသော အာလူးများကို အချောင်းလိုက်ဖြစ်ဖို့ရန်အတွက် စားစရာများ တုံးတစ်ရောနှောသည့်စက်ထဲထည့်ပြီး ကြိတ်ပေးလိုက်ပါ။ ဒါမှမဟုတ်ရင်လည်း ခြစ်ခုံလေးနဲ့ ခြစ်ချပေးလိုက်ပါ။

အာလူးများကို ပန်းကန်လုံးလေးထဲထည့်ပြီး အရည်ညှစ်ပေးလိုက်ပါ။

ဒယ်အိုးကို အလယ်အလတ်မီးအပူချိန်နဲ့ အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး အပူပေးလိုက်ပါ။ ပါးပါးလှီးထားသော ကြက်သွန်နီထည့်ပြီးနောက် ကြော်ပေးလိုက်ပါ။ ထို့နောက် မှိုများထည့်ပြီး ကြော်ပေးလိုက်ပါ။

ကြော်ထားသော မှိုများကို အာလူးပန်းကန်ထဲထည့်ပေးလိုက်ပါ။ ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး သမအောင်နယ်ပေးလိုက်ပါ။ ထို့နောက် ဂျုံမုန့်ထပ်ထည့်ပြီး ထပ်နယ်ပေးလိုက်ပါ။

ဒယ်အိုးအကြီးတစ်လုံးထဲမှာ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မီးအပူချိန်ကို အလယ်အလတ်ထား ထားပါ။ ထို့နောက် အာလူးများကို လက်ကလေးနဲ့ အနည်းငယ်ယူပြီး ဒယ်အိုးထဲထည့်ကြော်ပေးလိုက်ပါ။ ဒယ်အိုးထဲရောက်သွားမှ ဇွန်းပြားလေးနဲ့ ဖိပေးလိုက်ပါ။

တစ်ဖက်ချင်းစီကို ၅ မိနစ်ခန့် ကြော်ပေးလိုက်မယ်ဆိုရင်တော့ အာလူးပန်ကိတ်များ ရွှေညိုရောင်ပြောင်းသွားတဲ့အခါမှာတော့ ပန်းကန်ပြားလေးထဲထည့်လိုက်ပါ။

ထို့နောက် အာလူးပန်ကိတ်လေးများကို အအေးခံကာ ခရင်မ်လေးနဲ့ဖြစ်ဖြစ်၊ ဆော့စ်လေးနဲ့ပဲဖြစ်ဖြစ် မိမိကြိုက်နှစ်သက်ရာနဲ့ တွဲဖက်စားသုံးပေးနိုင်ပါတယ်။

Source: www.mydeliciousmeals.com