ပါဝင်ပစ္စည်းများ

အာလူး – ၁၅ လုံးခန့်

ဆား – အနည်းငယ်

ကြက်သွန်ဖြူ – ၁ မွှာ

ကြက်သွန်မြိတ် – ၂ စည်း

Unsalted Butter – လက် ၂ လုံးခန့်

Cream Cheese – ၂၀၀g တတုံး

ပြင်ဆင်ပြုလုပ်နည်း

အာလူး ၁၅ လုံးခန့် အခွံခွာ လေးစိတ်စိတ်ပြီး ရေနွေးပွက်ပွက်ဆူမှာ ဆားအနည်းငယ်ထည့် ၁၅ မိနစ်ခန့်ပြုတ်ပါ။

ကြက်သွန်ဖြူ ၁ မွှာကို နုတ်နုတ်စင်းပါ ။ ကြက်သွန်မြိတ် ၂ စည်းခန့် ရေဆေး ပါးပါးလှီးပါ။

အာလူးပြုတ်ပြီးလျှင် ရေစစ် ဇလုံတခုထဲထည့်ပါ။ Unsalted Butter ကို လက် ၂ လုံးခန့်လှီးထည့် Cream Cheese ၂၀၀g တတုံး ဖောက်ထည့် ဆားထမင်းစားဇွန်းတဝက်ခန့် ထည့်ကာ Masher ဖြင့် ဖိချေပေးပါ။

အားလုံးနှံ့စပ်သွားပြီဆို အာလူးထောင်း စိမ့်စိမ့်လေးရပါပြီ။

Credit: Myanmar Yummy Foods