အာလူးကို ချက်လိုက် ပြုတ်လိုက်နဲ့ပဲ စားနေရတာ ငြီးငွေ့နေကြပြီမဟုတ်လား။ ဒါဆိုရင်တော့ အရသာရှိပြီး ပြုလုပ်ရတာလည်း လွယ်ကူတဲ့ အားလူးကြက်ဥသုပ်ကို လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

Photo Source: satnabazar.com

အားလူး ၅ လုံး

Photo Source: www.healthline.com

ကြက်ဥ ၃ လုံး

Photo Source: veronicascornucopia.com

မိယောနိစ် ပန်းကန်လုံးတစ်လုံးစာ

Photo Source: inthekitchenwithkath.com

တရုတ်နံနံအနည်းငယ်၊ ပါးပါးလှီးထားပြီးသား ကြက်သွန်နီ ပန်းကန်လုံးတစ်လုံးစာ

Photo Source: recetas-cocina-argentina.info

ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ဆားအနည်းငယ်၊ မုန်ညင်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း

Photo Source: guff.com

အာလူးကို ဆားရေနဲ့ အိုးတစ်လုံးထဲမှာ ဆယ့်ငါးမိနစ်ခန့်ပြုတ်ပေးပါ။ အာလူးများအနေတော်ခန့် နူးညံ့သွားပါက အအေးခံပြီး၊ အခွံခွာပြီးတော့ အတုံးခပ်ငယ်ငယ် တုံးလိုက်ပါ။

Photo Source: soha.vn

ကြက်ဥ ၃ လုံးကိုလည်း ပြုတ်ပြီး အခွံခွာကာ စိတ်ကြိုက် အတုံးတုံးပေးပါ။

Photo Source: www.egglandsbest.com

အာလူးအတုံး၊ ကြက်သွန်နီ၊ မိယောနိစ်၊ တရုတ်နံနံ၊ မုန်ညင်းဆီ၊ ငရုတ်ကောင်းနှင့် ဆားများကို ခွက်အကြီးတစ်လုံးထဲတွင် ထည့်ကာ နှံ့စပ်သွားအောင် သေချာရောနယ်လိုက်ပါ။ ပြီးမှ ကြက်ဥအတုံးလေးများကို ခွက်ထဲသို့ထည့်ပြီး အသာအယာနယ်ပေးပြီးပါက အာလူးကြက်ဥသုပ် ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။ ရေခဲသေတ္တာထဲထည့်ကာ အအေးခံပြီးလည်း သုံးဆောင်နိုင်ပါတယ်။