ဒီနေ့ခေတ်မှာ မွှေ့ယာကို သန့်ရှင်းအောင်လုပ်ပေးနိုင်တဲ့ ပစ္စည်းတွေအများကြီး ထွက်ရှိနေပမယ့်လည်း အများအားဖြင့်က ဓာတုပစ္စည်းတွေနဲ့ လုပ်ထားတာကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် မီးဖိုးချောင်ထဲမှာရှိတဲ့ ပစ္စည်းတွေကိုဘဲ သုံးပြီး သန့်ရှင်းရေး လုပ်ကြည့်ရအောင်။

ဈေးကြီးတဲ့ အခြောက် သန့်ရှင်းရေးလုပ်နိုင်တဲ့ ပစ္စည်းတွေထက် မုန့်ဖုတ် ဆိုဒါ (Baking Soda) ကို သုံးကြည့်ရအောင်။

baking-soda-e1462990338656

မုန့်ဖုတ်ဆိုဒါ (Baking Soda) နဲ့ မွှေ့ယာကို သန့်ရှင်းရေးလုပ်ရင် မွှေ့ယာပေါ်က အနံ့အသက်ဆိုးတွေ၊ အညစ်အကြေး၊ ချွေးနံ့၊ ဖုန်မှုန်နဲ့ ဆဲလ်အသေတွေကို ဖယ်ရှားနိုင်ပါတယ်။

maxresdefault

ပြုလုပ်နည်း

ပထမဦးဆုံး ဖုန်စုပ်စက်နဲ့ မွှေ့ယာတစ်ခုလုံးကို သန့်ရှင်းရေးလုပ်လိုက်ပါ။ မုန့်ဖုတ်ဆိုဒါ တစ်ထုပ်လုံးကို(အဆင်ပြေရင် Essential Oil ၁၀ စက်ကနေ ၁၅ စက်လောက်ထည့်ပါ) မွှေ့ယာအပေါ် ဖြန်းပေးပါ။ ဒီအတိုင်း နာရီအနည်းငယ် ဖြစ်နိုင်ရင် ၁ ရက်လောက်ထားလိုက်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါတွေအားလုံးကို ဖုန်စုပ်စက်နဲ့ စုပ်လိုက်ပါ။

14400460-23107960-48-0-1495451684-1495451692-650-1-1495451692-650-04f9ebaa03-1495529350

ကော်ဇောတွေ ဆိုဖာတွေမှာ ညစ်ပတ်နေရင်

မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၁ ဇွန်းကို ဆပ်ပြာမှုန့် ထမင်းစားဇွန်း ၁ဇွန်းနဲ့ ရောပြီး ခွက်တစ်ခွက်ထဲထည့်လိုက်ပါ။ ရေနွေးဆူဆူ ၁ခွက်ထဲကို 9% ရှာလာကာရည် ထမင်းစားဇွန်း ၄၊ ၅ဇွန်းလောက်ထည့်လိုက်ပြီး မွှေပါ။ အားလုံးကို ခွက်ကြီးကြီးတစ်ခုထဲထည့်ပြီး အမြှပ်ထလာတဲ့အထိ မွှေပါ။ ရေဖြန်းလို့ရတဲ့ ဗူးထဲထည့်ပါ။

ကော်ဇောတွေ၊ ဆိုဖာတွေကို ဖုန်စုပ်စက်နဲ့ စုပ်လိုက်ပါ။ ရေဖြန်းတဲ့ ဗူးနဲ့ သန့်ရှင်းရေးလုပ်ချင်တဲ့နေရာကိုဖြန်းပြီး ၅စက္ကန့်ကနေ ၁၀ စက္ကန့်ကြား ထားပြီးနောက် အဝတ်နဲ့ သုတ်လိုက်ပါ။ ပွတ်တိုက်ဖို့ လိုတဲ့နေရာမှာဆိုရင်လည်း ဖော့နဲ့ တိုက်လိုက်ပါ။

baking-soda-bites-Custom

မုန့်ဖုတ်ဆိုဒါရဲ့ အကျိုးကျေးဇူး

  • ဈေးနှုန်းသက်သာ
  • အဆိပ်အတောက်မရှိ
  • အညစ်အကြေးနဲ့ ရေငွေ့တွေကို စုပ်ယူနိုင်
  • မကောင်းတဲ့ အနံ့အသက်တွေ ဖယ်ရှားပေးနိုင်
  • ပိုးမွှားတွေကို သေစေနိုင်
  • သန့်ရှင်းရေး လုပ်ရာမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေအစား သုံးနိုင်