ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်တာကို ပျောက်စေမယ့် အစားအစာများ

August 16, 2017

စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်တာကို ပျောက်စေမယ့် အစားအစာများ

Share this on:

သင်ဟာ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပါသလား။ နေ့လယ်ခင်းဆို အရမ်းအိပ်ငိုက်ပြီး အမြဲတမ်း ကော်ဖီနဲ့ဘဲ မငိုက်အောင် လုပ်ဆောင်နေရပါသလား။ ဒါဆိုရင် သင်ရဲ့ နေထိုင် စားသောက်ပုံစံကို ပြောင်းလဲဖို့ လိုပါတယ်။

ထမင်းမစားခင်မှာ ရေထဲကို ဆားလေး အနည်းငယ်ထည့်ပြီး သောက်ပေးတာဖြစ်ဖြစ်၊ သာမန်ထက် ရေပိုသောက်တာဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။

စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်တွေကို ပျောက်စေမယ့် အစားအစာများကို ပြောပြပေးချင်ပါတယ်။

bananasf

ငှက်ပျောသီး

ငှက်ပျောသီးမအမျှင်ဓာတ်တွေပါဝင်တာကြောင့် သွေးထဲကို သကြားဓာတ်တွေ ၀င်ရောက်နိုင်နှုန်းနည်းအောင် ပြုလုပ်ပေးပါတယ်။ အဲ့ဒီအပြင် ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ဓာတ်ပါဝင်မှုနှုန်းများတဲ့အပြင် Magnesium နဲ့ ဗီတာမင် ဘီ ဓာတ်တို့ ပါဝင်ပြီး သင့်ကို အမြဲ အားအင်ပြည့်နေစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ မနက်မိုးလင်းတာနဲ့ ငှက်ပျောသီး တစ်လုံး (ဘယ်လို အမျိုးအစားဘဲ ဖြစ်ဖြစ်) စားသင့်ပါတယ်။

coconut-ground-720x481

အုန်းသီး

အုန်းသီးမှာ ကျန်းမာရေးအတွက် ကောင်းတဲ့ အဆီဓာတ်တွေပါဝင်ပြီး စိတ်ပိုင်းဆိုင်ရာ ရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။ အုန်းသီးမှာ ဗီတာမင် ဘီ၊ အမိုင်နို အက်ဆစ်၊ ပိုတက်ဆီယမ်နဲ့ မဂနီဆီယမ် တို့လည်းပါဝင်ပါတယ်။ ဒီဓာတ်တွေက သင့်ကို အမြဲတမ်းအားအင် ပြည့်ဝနေအောင် ကူညီပေးမှာဖြစ်ပါတယ်။

ဒါကြောင့် သွေးတိုးရောဂါမရှိသူတွေက မနက်ခင်း ကွေကာအုပ်သောက်ရာဖြစ်ဖြစ် ဟင်းလျာတွေထဲမှာဘဲ ဖြစ်ဖြစ်၊ အုန်းထမင်းချက်စားရာမှာဘဲ ဖြစ်ဖြစ် အုန်းနို့ကို ထည့်သောက်သင့်ပါတယ်။

cacao

ကိုကိုးသီး

ကိုကိုးသီးမှာ သတုဓာတ်၊ ဗီတာမင်ဓာတ်၊ ပရိုတင်း၊ အမျှင်နဲ့ ဇန့် ဓာတ်တို့ ပါဝင်ပါတယ်။ ကိုကိုးသီက မဂနီဆီယမ်ဓာတ် ပါဝင်မှုအများဆုံး အသီးဖြစ်ပါတယ်။ မဂနီဆီယမ်ဓာတ်က ဇီဝဖြစ်စဉ်တွေကို အားကောင်းစေပြီး၊ စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးပါတယ်။ ကိုကိုးသီးတွေက ချောကလပ်လုပ်တဲ့အသီးတွေ ဖြစ်ပါတယ်။

Review

User Rating

2 (2 Votes)