ပုဇွန်ကို နို့စိမ်း ဖြင့်တွဲဖက်ပြီး စိမ့်စိမ့်လေး မအီစေပဲ ထမင်း၊ ခေါက်ဆွဲ စသည့်တို့ဖြင့် တွဲသုံးဆောင်နိင်လို့ရအောင် ဖော်ပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၅ လုံး (ပါးပါးလှီးထားပါ)
  • ကက်သွန်ဖြူ ၃ တက် (ပါးပါးလှီးထားပါ)
  • ချင်း လက်မ အရွယ် (နုတ်နုတ်လှီးထားပါ)
  • နို့စိမ်း ခွက်တစ်ဝက် (ဟင်းချက်ရန်တိုင်းသောခွက်)
  • ငရုတ်သီးမှုန့် ၂ ဇွန်း လက်ဖက်ဇွန်း
  • ဆီ ၃ ဇွန်း စားပွဲဇွန်း
  • နနွင်းမှုန့် ၁ ဇွန်း လက်ဖက်ဇွန်း
  • အသီးရွက်ပြုတ်ရည် ခွက် တစ်ဝက် ခွက်
  • နွားနို့ ခွက် တစ်ဝက် ခွက်
  • နံနံပင် ၃ ပင် (အနေတော် လှီးထားပါ)
  • ငရုတ်သီးစိမ်း ၂ တောင့် (ထက်ခြမ်း ခြမ်းထားပါ)
  • ပုဇွန်းဆားနယ်ရန်
  • ပုဇွန်ကျား ၆-၇ ကောင် (ရေစင်အောင်ဆေး ကျောချီးထုပ်၊ အခွံမခွာပါနှင့်)
  • နနွင်းမှုန့် အနည်းငယ်
  • ဆား အနည်းငယ်
  • ငံပြာရည် ၂ ဇွန်း လက်ဖက်ဇွန်း

ပြုလုပ်နည်း

  1. ဖန်ဇလုံး အကြီးထဲ ပုဇွန် နယ်နှပ်ရန် ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ၁၀ မိနစ်လောက်နယ် နှပ်ထားပါ။
  2. ကြိတ်စက်ထဲ ကြက်သွန်နီ၊ဖြူ ချင်း နှင့် ငရုတ်သီး မှုန့်များ ကျေညက်အောင်မွှေပါ။
  3. မကပ်သောဒယ်အိုးထဲ ဆီထည့်ပြီး ပူအောင်တည်ပါ။ နနွင်းမှုန့် နှင့် အတူ ငရုတ်သီးအနှစ်များ ထည့်ပြီး ၆ မိနစ်လောက် မွှေးလာသည်အထိတည်ပါ။
  4. နို့စိမ်း ထည့်ပါ။ မွှေပေးပါ၊ ၅ မိနစ်လောက် အရည်ပွတ်လာသည် အထိတည်ပါ။
  5. ပုဇွန်ရောပြီး သေချာ အနှစ်နဲ့ ပုဇွန် နှံ့အောင်မွှေပေးပါ။ ၄-၆ မိနစ်လောက် တည်ပါ။ ဆားမြည်းြ့ပီး နံနံပင်အုပ်ပါ။ လိုသလို သုံးဆောင်နိုင်ပါသည်