ရိုးရှင်း လွယ်ကူစွာ ချက်စားနိုင်ပြီး အရသာနှင့်လည်း ပြည့်စုံတဲ့ ပုဇွန်ငရုပ်ကောင်း အစပ်ချက်နည်းလေးပါ။

ပါဝင်ပစ္စည်းများ

  • ပုဇွန်အရွယ်တော်
  • ဆား
  • ပဲငံပြာရည်
  • သကြား – အနည်းငယ်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငရုပ်သီးစိမ်း (မိမိစားနိုင်သလောက်)
  • ဆီ – ၃ ဇွန်း (ထမင်းစားဇွန်း)
  • ငရုပ်ကောင်း – အနည်းငယ်
  • နံနံပင်

ပြုလုပ်နည်း

ပုဇွန်အရွယ်တော်များကို အခွံခွာ ၊ ရေစင်စင်ဆေးပြီး ဆား ၊ ပဲငံပြာရည် ၊ သကြား အနည်းငယ်တို့ ဖြင့် နယ်ထားလိုက်ပါတယ်။ ထို့နောက်  ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုပ်သီးစိမ်း (မိမိစားနိုင်သလောက်) ကို ပါးပါးလှီး ၊ တောက်တောက်စင်းထားလိုက်ပါတယ်။

ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဆီ ၂ကျပ်သားခန့် ထည့်ပါတယ်။ ဆီကျက်ရင် ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကို ထည့်မွှေပါတယ်။ ကြက်သွန်များထည့်ပြီး မကြာခင်မှာ ငရုပ်သီးများကို ထည့်ကြော်ပါတယ်။ ပြီးလျှင်တော့ ပုဇွန်များကို ထည့်မွှေလိုက်ပါတယ်။

ဆား၊ အရသာမှုန့် တို့ကို လိုအပ်သလောက် ထည့်ပါ။ ပုဇွန်များကို မချက်ခင်မှာလည်း အရသာဝင်အောင် နယ်ထားပြီဖြစ်လို့ အများကြီးထပ်ထည့်ဖို့ မလိုတော့ပါ။

ပုဇွန်များထည့်ပြီး မကြာမီ ငရုပ်ကောင်း ဇွန်းသေး တစ်ဇွန်းခန့် ထည့်ပါ ။  ပုဇွန်ဟာ ကျက်လွယ်သော ဟင်းဖြစ်သောကြောင့် မီးဖိုပေါ် အချိန် ကြာကြာထားရန် မလိုပါ ။ ၃မိနစ် (သို့) ၅မိနစ်ခန့် ကြာလျှင် နံနံပင်များထည့်မွှေကာ ချနိုင်ပါပြီ ။

ဆီပြန်ဟင်းစားရတာ ငြီးငွေ့နေသူများအတွက် ဆီနည်းနည်း ၊ ငရုပ်ကောင်းနံ့မွှေးမွှေး ၊ အရသာစပ်စပ်လေးဖြင့် စားနိုင်သော အရသာရှိလှသည့် ပုဇွန်ငရုပ်ကောင်း အစပ်ချက် ရပါပြီ။

MyFood Myanmar