ပုဇွန် - Prawn | ရခိုင် - Rakhine | ဟင်း - Curry | အသီး - Fruits

ပိန္နဲသီး မျှဉ်ပုစွန် ရခိုင်ချက် (လယ်ချက်)

July 4, 2016

ပိန္နဲသီး မျှဉ်ပုစွန် ရခိုင်ချက် (လယ်ချက်)

Share this on:

ပိန္နဲသီးကို မြန်မာအများစုက ဝက်သားလေးနဲ့ ဆီပြန်လေးချက်စားတတ်ကြပါတယ် ။ ရခိုင်တွေကတော့ လယ်ချက်လေးကို ပိုကြိုက်ကြပါတယ်။

ပါဝင်ပစ္စည်းများ

  • ပိန္နဲသီး
  • ငရုတ်သီးစိမ်း
  • မျှင်ပုစွန် (ပုစွန်ဆိတ်)
  • ဆီအနည်းငယ်
  • စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်
  • ဆားအနည်းငယ်
  • ဆူးပုပ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပိန္နဲသီးကို အနေတော်တုံးလေးတွေ တုံးပြီး သေချာ ရေဆေးပါ။
  2. ပြီးရင် အိုးကင်းတစ်ခုထဲထည့်ပြီး ငရုတ်သီးစိမ်း ၂ တောင့်လောက် ပါးပါးညှပ်ထည့်ပေးပါ ။ မျှင်ပုစွန် (ပုစွန်ဆိတ်) လေးတွေ ထည့်ပါ ။
  3. ဆီအနည်းငယ်ထည့်ပါ။ (ဆီ ပါရုံ တစ်စက် နှစ်စက်လေး ထည့်ပေးပါ) စိမ်းစားငပိ (သို့) မျှင်ငပိ အနည်းငယ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပါ။ အိုးဖုံးလေး ဖုံးပြီး ချက်ထားပါ။
  4. ဟင်းဆူပွက်လာပြီဆို စားချင်စဖွယ် အနံ့လေးထွက်လာပါလိမ့်မယ် ။ ပြီးရင်တော့ ဆူးပုပ်လေး ထည့်ပြီး အိုးဖုံးလေးပြန်ဖုံးပြီး အရည်လေးခမ်းအောင် ထားပေးလိုက်ပါတယ် ။
  5. ကျွန်မကတော့ ကက်ကတစ် ငါးအသားကိုပါ ထည့်ထားတဲ့အတွက် ပိုချိုပါတယ် ။ တချို့ကတော့ မကျည်းနှစ်လေး ထည့်စားတတ်ပါတယ် ။ တကယ် အနံ့အရသာစားချင်စဖွယ် ဟင်းကောင်းလေးတစ်မျိုးပါ ။
ဆီသိပ်သုံးစရာမလိုတဲ့ ကျန်းမာရေးအတွက်ကောင်းမွှန်တဲ့ ဟင်းလေးပါ ။

Credit: အစားအစာကမ္ဘာ

Review

User Rating

3.1 (14 Votes)