မဆလာ လိုအနံ့လေးမွှေးပြီး ကျွန်တော်တို့မြန်မာတွေ ကြိုက်နှစ် သက်တဲ့ ချဉ်ငံစပ် အရသာ နဲ့ပြည့်စုံတဲ့ ပုစွန် တန်ဒိုရီ ဟင်းလျှာလေးပါဘဲ..တန်ဒိုရီအနှစ် ကတော့ City Mart လို ဆိုင်ကြီးတွေ မှာရှိနိုင်ပါတယ်..အကယ်ရျွ် တန်ဒိုရီ အနှစ် မရရှိနိုင်ပါကလည်း ကိုယ်တိုင်ဖန်တီးယူလို့ရပါတယ်..ငရုပ်သီးခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ချင်း ၊ မန်းကျည်းသီးမှည့် ၊ ဇီယာမှုန့်၊ မဆလာမှုန့်၊ ငါးငံပြာရည် ၊ ဆား ၊ ငရုက်ကောင်းမှုန့်တို့ဖြင့်လည်း တန်ဒိုရီ အနှစ်လုပ်ယူနိုင်ပါတယ်..အဓိက အားဖြင့် တန်ဒိုရီ အနှစ်ချက်တဲ့အခါမှာ ဒိန်ချဉ် အနည်းငယ်ထည့်ချက်ဘို့တော့လိုပါ မယ် ..နနွင်းမှုန့်လည်းများများ ထည့်ချက်ရပါမယ်..ဒါမှ တန်ဒိုရီ ဟင်းလျှာက အရောင်ရော..အရသာရော ပြည့်စုံနိုင်မှာပါ။

ဒီဟင်းလျှာရဲ့ထူးခြားမှု ့က ဆီပြန်ဟင်းလိုချက်တာမဟုတ်ဘဲ..ဟင်းအနှစ်နဲ့အရသာသွင်းထားပြီးမှ ဆီအနည်းငယ်နဲ့အိုးပူတိုက် ကြော်ပြီးချက်ရတာပါ ။ အရှေ ့တိုင်းအစားအစာ လိုရော..အနောက်တိုင်းအစားအစာ လိုပါ ပြင်ဆင်လို့ရတဲ့ဟင်းလျှာမျိုးပေါ့..

ပါဝင်ပစ္စည်းများ

  • ရေချိုပုစွန်ထုပ် – ၅ ကောင်
  • သံပုရာသီး – ၁ လုံး
  • မုန်လာဥနီ – ၁ လုံး
  • ရွှေပဲသီး – ၅ တောင့်
  • ဘိုပဲ – ၅ တောင့်
  • ပန်းဂေါ်ဖီ – အနည်းငယ်
  • ပြောင်းဖူး – ၅ ခု
  • တန်ဒိုရီ အနှစ် – ၁ . ၅ စွန်း
  • ဒိန်ချဉ် – ၂ ဇွန်း
  • နနွင်းမှုန့် – အနည်းငယ်
  • ကြက်သွန်ဖြူ – ၅ တက်
  • အာလူး – ၅ လုံး
  • ရို့စ်မယ်ရီ (အခြောက် ) – အနည်းငယ်
  • အော်ရီဂါနို ( အခြောက် ) – အနည်းငယ်
  • သံလွင်ဆီ – ၂ ဇွန်း
  • ဝိုင်ဖြူ – ၅၀ မီလီလီတာ
  • ထောပတ် – ၂ ဇွန်း
  • ဆား – အနည်းငယ်
  • ငရုပ်ကောင်းမှုန့် – အနည်းငယ်

ပြုလုပ်နည်း

ပုစွန်ထုပ် ကိုသန့်စင်ပြီး အမြီးချန် ရျွ် အခွံနွှာထားပါ ။ အသင့်သန့်စင်ထားသော ပုစွန်ထုပ်များကို သံပုရာရည် ၊ တန်ဒိုရီ အနှစ် ၊ ဒိန်ချဉ် ၊ နနွင်းမှုန့်၊ ငရုပ်ကောင်းမှုန့်တို့ဖြင့် အရသာသွင်ထားပါ ။

အသင့်အရသာသွင်းပြီးသော ပုစွန်ထုပ်များ ကို ဒယ်အိုးတွင် သံလွင်ဆီ အနည်းငယ်ဖြင့် အိုးကပ်ကြော်ပါ ။ ပုစွန်ထုပ်များ ကျက်လျှင် ဝိုင်ဖြူ အနည်းငယ် နှင့် ထောပတ် အနည်းငယ် ထည့်ချက် ရျွ် အဆုံးသတ်ပါ။

အားလူး များကို ဆားရည်ဖြင့် ပြုတ်ထားပြီး နူးလျှင် အခွံနွှာထားပါ။ ကြက်သွန်ဖြူ အနည်းငယ် နုတ်နုတ်စဉ်းပြီး သံလွင်ဆီ ၊ အော်ရီဂါနို ၊ ရို့စ်မယ်ရီ ၊ ဆား ၊ ငရုပ်ကောင်းမှုန့်အနည်းငယ် တို့ဖြင့် အသင့်ပြုတ်ရျွ် အခွံနွှာထားသော အားလူးကို ဆီပူထိုးထားပါ။

မုန်လာဥနီ ၊ ရွှေပဲသီး ၊ ဘိုပဲ ၊ ပန်းဂေါ်ဖီ ၊ ပြောင်းဖူး တို့ကိုသန့်စင်ပြီး ရေနွေးတွင်အနည်းငယ်ပြုတ်ရျွ် ထောပတ် ၊ သံ လွင်ဆီ ၊ ကြက်သွန်ဖြူ ၊ ဆား ၊ ငရုပ်ကောင်းမှုန့်တို့ဖြင့် ကြော်ထားပါ။

အသင့်ကြော်ထားသော ပုစွန်ထုပ် ကို သီးရွက်စုံကြော် ၊ အားလူးပြုတ်ကြော် တို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါသည်။