ပုဇွန် - Prawn | ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

မန်ကျည်းသီးစိမ်း ပုဇွန်ကြော်

July 20, 2016

မန်ကျည်းသီးစိမ်း ပုဇွန်ကြော်

Share this on:

မန်ကျည်းသီး နုနုလေးတွေ ပေါ်ပြီမို့ ကြော်စား ဖြစ်တာလေးပါ ။
ထမင်းမြိန်လှတဲ့ ရာသီစာ ဟင်းလေးကို ပဲဟင်းချို ပူပူလေးနှင့် လိုက်ဖက် လှပါတယ်ရှင် ။

မန်ကျည်းသီးစိမ်းပုဇွန်ကြော် ၁

ပါဝင်ပစ္စည်းများ

  • မန်ကျည်းသီးစိမ်း - ၇ ကျပ်သား (ဆား အနည်းငယ် ဖြူးပြီး ထောင်းထားပါ)
  • ပုဇွန်ကျား အရွယ်တော် - ၁၅ ကောင် (ခေါင်းဖြုတ် အခွံသင် ကျောခွဲထားပါ)
  • ငံပြာရည် - ၁ ဇွန်း (ဟင်းစားဇွန်း)
  • ကြက်သွန်နီ - ၁ လုံး (သေးသေးစဉ်းထားပါ)
  • ကြက်သွန်ဖြူ - ၁ လုံး
  • ခရမ်းချဉ်သီး - ၁ လုံး
  • ဆီ - ၅ ကျပ်သား
  • ရေနွေး

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး တို့ကို နွမ်းလာအောင် ဆီသတ်ပါ ။
  2. ပြီးလျှင် ပုဇွန်လေးများထည့် ၊ ထောင်းထားသော မန်ကျည်းသီးထည့် ၊ ငံပြာရည်ထည့် ၊ ရေနွေး အနည်းငယ် ထည့်ကာ ဆီပြန်လာအောင် တည်ထားပါ ။
  3. ချခါနီး အပေါ့ငံပြင် ငရုတ်သီးစိမ်း စိတ်ကြိုက် ထည့်ပြီး စားလို့ ရပါပြီရှင် ။
  4. မန်ကျည်းသီးလေးများက နုသေးတော့ အရမ်း မချဉ်သေးလို့ ငပိမထည့်ပဲ ကြော်ထားတာပါ ။
Credit: Soe’s Cooking Collection

Review

User Rating

4 (4 Votes)