Green Tea က ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်ပါတယ်။ Green Tea မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဆီတွေကိုလောင်ကျွမ်းစေတဲ့ ဓာတ်တွေပါဝင်နေပါတယ်။

အဲ့ဒီအပြင် ဗီတာမင်၊ သတ္တုဓာတ် နဲ့ စွမ်းအားမြင့် Antioxidants ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကယ်လိုရီတွေ မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေပါတယ်။

Green Tea၊ ဂျင်းနဲ့ သံပုရာ

ဂျင်း၊ သံပုရာသီးနဲ့ Green Tea တို့မှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်တွေပါဝင်ပြီး ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ပေးပါတယ်။

ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်ကိုတိုးမြင့်စေပြီး ဇီဝကမ္မဖြစ်စဉ်တွေကို အားကောင်းစေကာ ကိုယ်အလေးချိန် ကျဆင်းစေပါတယ်။

ပါဝင်ပစ္စည်းများ

Green Tea လက်ဖက်ရည်ဇွန်း ၁ဇွန်း

ဂျင်း လက်ဖက်ရည်ဇွန်း၁ ဇွန်း

သံပုရာသီး ၁လုံးရဲ့ ၁ ဝက်

ရေ ၁ခွက်

ပြုလုပ်နည်း

အိုးထဲကို ရေလောင်းထပ်လိုက်ပြီး ဆူအောင်လုပ်ပါ။ ဆူလာရင် Green Tea နဲ့ ဂျင်းထည့်ပါ။ ပြီးရင် အပူချိန်ကို လျှော့လိုက်ပြီး ၂ မိနစ်၊ ၃ မိနစ်လောက်ထားပါ။ မီးဖိုပေါ်ကနေ ဖယ်လိုက်ပြီး အခန်းအပူအချိန်မှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားလိုက်ပါ။ အဖက်တွေကို ဖယ်ရှားပြီး သံပုရာသီး ညှစ်ထည့်ပါ။

မနက်စာမစားခင် မိနစ် ၃၀ အကွာမှာ သောက်သုံးပေးပါ။ တစ်ပတ်ကို ၃ ကြိမ်သောက်ပေးရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဆီတွေကို လောင်ကျွမ်းစေပါတယ်။