ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဆီးကျောက်တည်ရောဂါ မဖြစ်စေဖို့

October 12, 2016

ဆီးကျောက်တည်ရောဂါ မဖြစ်စေဖို့

Share this on:

ကျောက်တည်ရောဂါဆိုတာ ဆီးထဲမှာပါတဲ့ ဓာတ်ပစ္စည်းတွေကို ကျောက်ကပ်က ကြေညက်အောင် မချက်နိုင်တဲ့အခါမှာ အချိန်ကြာလာတာနဲ့အမျှ ကျောက်ခဲစလေးတွေလို အသွင်ပြောင်းပြီး ဆီးလမ်းကြောင်းကို ဒုက္ခပေးပါတယ်။ ဒါကို
ကျောက်တည်ခြင်းလို့ ခေါ်ပါတယ်။ ဒီကျောက်တည်ရောဂါ မဖြစ်စေဖို့ အောက်ပါအချက်တွေကို သိထားသင့်ပါတယ်။

ဆေီးကျောက်တည်ခြင်းကို ဖြစ်စေသောအရာများ

(၁) ရေလုံလောက်စွာ မသောက်ခြင်း

Man holding his stomach

ရေလုံလောက်စွာ မသောက်ခြင်းဟာလည်း ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေပါတယ်။ ရေဓာတ်ပြည့်ဝနေမှ ကျောက်ကပ်နဲ့ အခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပုံမှန် အလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ငန်းတွေ ထိခိုက်မှုရှိတဲ့အခါ ကျောက်တည်ရောဂါဖြစ်ဖို့ နီးစပ်ပါတယ်။

(၂) အဖျော်ယမကာနှင့် ဆိုဒါကဲ့သို့သော အချိုရေများ သောက်ခြင်း

အရက်ကဲ့သို့သော အဖျော်ယမကာတွေဟာ အသည်းနဲ့ ကျောက်ကပ်ကို တိုက်ရိုက်ဆိုးကျိုးပေးပါတယ်။ ဒါ့အပြင် ဆိုဒါကဲ့
သို့သော် အချိုရေများမှာ ကျောက်ကပ်ကို ပို့လွှတ်ပေးတဲ့ ကယ်လ်စီယံဓာတ်တွေကို နှောက်ယှက်ပြီး ကျန်မားရေးဆိုးဝါး
စေပါတယ်။ ဒီနည်းနဲ့ ကျောက်တည်ရောဂါ ရနိုင်ပါတယ်။

(၃) ကွမ်းစားခြင်း

ကွမ်းစားခြင်းသည်လည်း ကျောက်တည်ရောဂါကို ဖြစ်စေပါတယ်။ ကွမ်းထဲမှာပါတဲ့ ထုံးမှာ ကယ်လ်စီယံဓာတ် ပါဝင်တာ
မှန်ပေမယ့် အခဲအမှုန်အဖြစ် ပါဝင်လာတဲ့ ထုံးရည်ကိုတော့ ကျောက်ကပ်က ပျော်သွားအောင် မခြေမွှနိုင်ပါဘူး။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဖြစ်တဲ့ ကျောက်တည်ရောဂါသည်အများစုဟာ ကွမ်းကြောင့်လို့ ဆိုပါတယ်။

(၄) အရိုးဆဲလ်များကြွပ်ဆပ်ခြင်းနှင့် ကျောက်တည်ရောဂါ

2

အရိုးဆဲများ ကြွပ်ဆပ်လာခြင်း ဖြစ်လျှင် ကျောက်တည်ရောဂါကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ထိုသို့ ဖြစ်ရခြင်းမှာ ကယ်လ်စီယံချို့တဲ့ခြင်းကြောင့် ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအဖြစ် ဆီးထဲမှာ ကျောက်တည်စေပါတယ်။

အစားအသောက်ဖြင့် ကာကွယ်နိုင်

(၁) ရေများများသောက်ပါ

ကျောက်တည်ရောဂါကို ကာကွယ်ဖို့အတွက် ရေဓာတ်မပြတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဉ် ရေ 1.5 လီတာမှ 2 လီတာအထိ သောက်ပေးဖို့ လိုအပ်ပါတယ်။

(၂) Magnesium/ကယ်လ်စီယမ် ကြွယ်ဝသောအစားစာများကို စားပါ

Kidney

စားသင့်တဲ့အစားအစာတွေကတော့ မဂ္ဂနီစီယံနဲ့ ကယ်လ်ဆီယံကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် အသီးအရွက်များများနဲ့ သားငါး အနည်းဆီ စားပေးနိုင်ပါတယ်။

(၃) အချိုယမကာကို ရှောင်ပါ

အရက်နဲ့ဆိုဒါကဲ့သို့သော အချိုရည်များကို ရှောင်ပါ။ ဒါပေမယ့် ဘီယာကိုတော့ သောက်ပေးသင့်တယ်လို့ ဆေးပညာရှင်
အချို့က အဆိုပြုပါတယ်။ ဒါကိုလည်း အခြားပညာရှင်တွေက ကန့်ကွက်ထားတာမျိုး မတွေ့ရသေးပါဘူး။ ဘီယာသောက်
ခြင်းဟာ ဆီးကို ရွှင်စေပြီး ကျောက်ကို ကျေမွှစေတယ်လို့လည်း အခြားစစ်တမ်းတစ်ရပ်မှာ ဆိုထားတာ တွေ့ရပါသေး
တယ်။ သို့သော် ဘီယာနဲ့ပတ်သက်ပြီး ဆေးပညာရှင်အမြောက်အများရဲ့ ထောက်ခံချက်မျိုးကိုလည်း မတွေ့ရပါဘူး။

Credit: Shwemom http://shwemom.com

Review

User Rating

5 (2 Votes)