City Mart Holding Co.,Ltd ၏ Pride of Myanmar “ဂုဏ်ယူဝင့်ကြွားမြန်မာ့စားသောက်ကုန်များ” အစီအစဉ်ဟာဆိုရင် ပြည်တွင်းရှိ အသေးစား၊ အလတ်စားစားသောက်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် City Mart Holding Company Limited (CMHL) မှ ဦးဆောင်ပြုလုပ်ပေးသော အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုများသော ဈေးကွက်စီးပွားရေးစနစ်တွင် နိုင်ငံခြားထွက်ကုန်များနှင့် ယှဉ်ပြိုင်ပြီးဈေးကွက်ဝေစု ရရန်မှာ အသေးစားအလတ်စား စားသောက်ကုန်လုပ်ငန်းများ၏ စိန်ခေါ်မှုတစ်ရပ်ပါ။ သယံဇာတအကန့်အသတ်၊ နည်းပညာ အကန့်အသတ်၊ အလုပ်သမားအကန့်အသတ်နှင့် နေရာအနှံ့ရောက်အောင် ရောင်းချနိုင်မှုအကန့်အသတ် စသည်အချက်များ ကြောင့်လည်း ရုန်းကန်နေရဆဲဖြစ်ပါတယ်။ အသေးစားအလတ်စား စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန် ထောက်ပံ့ပေးသော နေရာတစ်ခုဖြစ်လာရန်ဆိုသည်က “Pride of Myanmar” ၏ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။

Pride of Myanmar “ဂုဏ်ယူဝင့်ကြွားမြန်မာ့စားသောက်ကုန်များ” ကို ၂၀၁၃ ခုနှစ် SEA GAME ကာလတွင် စတင်မိတ်ဆက်ခဲ့ပြီး ယခု ၂၀၁၈ တွင် ဆဋ္ဌမအကြိမ်မြောက်ရှိပါပြီ။ ၂၀၁၃ တွင် ကုန်ပစ္စည်းပေါင်း ၅၀ ကျော်မျှနှင့်သာ စတင်ခဲ့ရာမှ ယခုဆိုလျှင် အမျိုအစားပေါင်း ၁၂၀ ကျော်ထိ ပါဝင်လာပြီ ဖြစ်ပါသည်။ CMHL အနေဖြင့်လည်း နိုင်ငံအနှံ့တွင်ရှိသော City Mart, Ocean နှင့် marketplace by City Mart ဆိုင်ခွဲများအားလုံး၏ အဓိကနေရာများတွင် Pride of Myanmar တွင်ပါဝင်သော ကုန်ပစ္စည်းများကို Pride of Myanmar ခေါင်းစဉ်အောက်တွင် သီးသန့် shelves တန်းများဖြင့် highlight ပြသပေးခြင်း၊ ရေရှည်စီမံကိန်းများဖြင့် program တိုးတက်စေခြင်းများ၊ SME ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေသော အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ခြင်းများကို အားသွန်ခွန်စိုက် ပြုလုပ်လျက်ရှိပါသည်။တစ်ဖက်တွင်လည်း ထုတ်ပိုးမှုတွင် အဆင့်မြင့်လာစေရန် ကူညီခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်းလုပ်ငန်းများတွင် အကြံပေးခြင်း၊ လမ်းညွှန်မှုများပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။ ယခုနှစ်တွင် ထူးထူးခြားခြားအနေဖြင့် ပိုမိုကောင်းမွန်သော ခင်းကျင်းရောင်းချမှုများအစီအစဉ်များဖြင့် Pride of Myanmar တွင် ပါဝင်သော စီးဖွားဖက်ကုမ္ပဏီများကို CMHL လက်အောက်ရှိ Centre Promotion Area များတွင် နေရာများထောက်ပံ့ပေးကာ မြန်မာ့အစားအသောက်များကို အရောင်းမြှင့်တင်ခြင်းများအား အားသွန်ခွန်စိုက်ပြုလုပ်သွားမှာပါ။ ဈေးဝယ်သူမိဘပြည်သူများအနေဖြင့် နိုင်ငံထွက်စားသောက်ကုန်များကို မြည်းစမ်းခွင့်ရရှိမည်ဖြစ်ပြီး စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်မှာပါ။

“Growing together with local community – မြန်မာ့စားသောက်ကုန်တွေတိုးတက်ဖို့အတူတူလှမ်းချီကြပါစို့ဆိုတာက ကျွန်မတို့ Pride of Myanmar ရဲ့ အဓိက tagline ပါ။ ဒီအစီအစဉ်ကို ဈေးဝယ်သူတွေအနေနဲ့ ဒါမြန်မာပြည်ထုတ်တာလေ .. ဒီ Pride of Myanmar တံဆိပ်ကပ်ရောင်းတဲ့ ပစ္စည်းတွေကအရည်အသွေးစိတ်ချရတယ်ဆိုတဲ့ ဂုဏ်ယူတဲ့စိတ်ကိုသာမက အရည်အသွေးစိတ်ချ ရတဲ့ အာမခံချက်တစ်ခုကိုပါ ပေးနိုင်တဲ့ အစီအစဉ်အဖြစ်ရပ်တည်ဖို့နှင့် local SMEs တွေအတွက်လည်းလိုအပ်တဲ့ ပံ့ပိုးမှုတွေပေးနိုင်မယ့် platform တစ်ခုဖြစ်လာစေဖို့ ရည်ရွယ်ထားပါတယ်” ဟု City Mart Holding Company Limited မှ Marketing Director ဒေါ်မေဇင်စိုးထက်က ပြောကြားသွားပါတယ်။

Pride of Myanmar အစီအစဉ်တွင် ပါဝင်ခွင့်ရရှိသော ပြည်တွင်းစားသောက်ကုန်ပစ္စည်းများသည်  ကုန်ကြမ်းကအစ မြန်မာနိုင်ငံမှာထွက်ရှိသော ပစ္စည်းများသာပါဝင်ထားပြီးသည့်အပြင် နောက်ဆုံးထုတ်လုပ်ပြီးအဆင့်အထိ မြန်မာနိုင်ငံအတွင်းမှာသာ ထုတ်လုပ်ထားသည့် မြန်မာ့ထွက်ကုန်စစ်စစ်များ ဖြစ်ပါသည်။ ထိုစားသောက်ကုန်ပစ္စည်းများသည် FDA (သို့) တူညီတဲ့ ထောက်ခံချက်တွေရရှိထားတဲ့ ပစ္စည်းတွေဖြစ်သောကြောင့် အရည်အသွေးအာမခံချက်ရှိပါသည်။ packaging ပေါ်မှာထုတ်လုပ်သောနေ့၊ သက်တမ်းကုန်ဆုံးမည့်နေ့၊ ပါဝင်ပစ္စည်း အစရှိသည့် အချက်အလက် အပြည့်အစုံပါဝင်သောကြောင့် Pride of Myanmar Sticker ပါရှိသော စားသောက်ကုန်ပစ္စည်းများကို ဈေးဝယ်သူများသည် လက်ဆောင်ပေးရန်အတွက်ဖြစ်စေ၊ စားသုံးရန်အတွက်ဖြစ်စေ စိတ်ချယုံကြည်စွာ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။

Pride of Myanmar “ဂုဏ်ယူဝင့်ကြွားမြန်မာ့စားသောက်ကုန်များ” အစီအစဉ်ကို City Mart Supermarket , Ocean Supercenter, marketplace by City Mart တို့နှင့်အတူ Main Sponsor အဖြစ်  Royal Myanmar Teamix, Top Cashwe Nuts, Shwe Aung Food, Maw San နှင့် U Ka Kar တို့မှပံ့ပိုးပေးထားပါသည်။ အဆင့်အတန်းမြင့် မြန်မာ့စားသောက်ကုန်များရောင်းချခြင်း အထူးအစီအစဉ်ကို City Mart Supermarket တွင် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၄ ရက်နေ့အထိ၊ Ocean Supercenter တွင် ဒီဇင်ဘာ ၃၀ ရက်နေ့မှ ဇန်နာဝါရီ ၁၃ ရက်နေ့အထိနှင့် marketplace by City Mart တွင် နိုဝင်ဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ဆိုင်ခွဲစုစုပေါင်း (၄၄) ဆိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။