မင်္ဂလာပါ။ ရေဓာတ်အလွန်အကျွံဆုံးရှုံးသည့်အခါ ဒါမှမဟုတ် ချွေးအလွန်အကျွံထွက်သည့်အခါတွေက လူအများကြားထဲရောက်တဲ့အခါ အရှက်ရစရာဖြစ်စေပါတယ်။

ခရမ်းချဉ်သီး၊ ဂေါ်ဖီထုပ်နှင့် ကော်ဖီတို့ကို စားသုံးခြင်းဟာ ချွေးပိုထွက်စေပြီး ချွေးနံ့ကိုလည်း ပိုပြီးစူးရှစေပါတယ်။ ဒါပေမယ့်လည်း အချို့ပစ္စည်းတွေကတော့ ချွေးထွက်တာကို သက်သာစေနိုင်ပြီး ကိုယ်နံ့ဆိုးရွားခြင်းကိုလည်း သက်သာစေပါတယ်။

ဘယ်လိုသဘာဝပစ္စည်းတွေက ချွေးထွက်သက်သာစေမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်ပါ။

၁။ အုန်းဆီ

အုန်းဆီတွေက ခန္ဓာကိုယ်သင်းနံ့ကို မွှေးကြိုင်စေတဲ့ ထုတ်ကုန်တစ်ခုအနေနဲ့ သတ်မှတ်ထားခြင်းခံရပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို လျော့ကျစေပြီး စူးရှတဲ့ အနံ့ဆိုးတွေကို ဖျက်ဆီးပစ်ပါတယ်။ ရေချိုးပြီးတဲ့အခါ အုန်းဆီကို ချိုင်းတစ်ဝိုက်မှာ လိမ်းပေးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအတွက် ထိရောက်စေပါတယ်။

၂။ သံပုယိုသီးနှင့် အခြားအချဉ်ဓာတ်ပါတဲ့ အသီးအနှံများ

အုန်းဆီလိုပဲ သံပုယိုရည်ကလည်း ဘက်တီးရီးယားပေါက်ဖွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ခံတွင်းနံ့ကို ထိန်းချုပ်နိုင်ပါတယ်။ သံပုယိုရည်တစ်ခွက်ကို မနက်ခင်းမှာ သောက်သုံးပေးနိုင်သလို သံပုယိုသီး တစ်ခြမ်းကို အရည်ညှစ်ကာ ခြေဖနောင့် သို့မဟုတ် ချိုင်းတွေမှာ ပွတ်ပေးပြီး အခြောက်ခံကာ ရေချိုးလိုက်ပါ။

၃။ တမာစေ့များ

တမာစေ့တွေက ဆေးဖက်ဝင်အမွှေးအကြိုင်တစ်ခုဖြစ်ပြီး ကိုယ်အနံ့အသက်ဆိုးစေတဲ့ ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေကို အရှင်းဖယ်ရှားပစ်ကာ ချွေးထွက်တာကို လျော့ကျစေပါတယ်။

တမာစေ့မှရတဲ့ အမှုန့်ကို ရေနဲ့ရောကာ ပျစ်အောင်လုပ်ပြီး ချိုင်းမှာလိမ်းကာ မိနစ်အနည်းငယ်လောက်ထားလိုက်ပါ။ ရေချိုးတဲ့အခါ ဆေးကြောပစ်လိုက်ပါ။ တစ်ပတ်လျှင် သုံးကြိမ်လုပ်ဆောင်ပေးပါက ရလဒ်ကောင်းတွေ မြင်တွေ့ရမှာဖြစ်ပါတယ်။

၄။ နံနံပင်

နံနံပင်မှာရှိတဲ့ သင်းရနံ့က ကိုယ်သင်းနံ့ကို မွှေးကြိုင်စေကာ ခန္ဓာကိုယ်တွင်းကို သန့်စင်ပစ်ပြီး ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် နံနံပင်ကို အစားအသောက်တွေ စားသုံးတဲ့အခါမှာ ထည့်သွင်းကာ စားသုံးနိုင်သလို အမြစ်တွေကို အခြောက်ခံပြီး ရေနွေးကြမ်းအနေနဲ့လည်း သောက်သုံးနိုင်ပါတယ်။

၅။ ပူစီနံ

ပူစီနံတွေမှာ အေးမြစေတဲ့ အစွမ်းသတ္တိရှိတဲ့အတွက်ကြောင့် လတ်လတ်ဆတ်ဆတ်ဖြစ်ဖြစ်၊ အခြောက်ခံပြီးဖြစ်ဖြစ် စားသုံးပေးနိုင်သလို အဆီအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

၆။ သစ်ကြံပိုးခေါက်

သစ်ကြံပိုးခေါက်ကို အစားအစာတစ်ခုအနေနဲ့ ထည့်သွင်းစားသုံးပေးတတ်တဲ့ အကျင့်ကို ကြိုးစားပေးပါ။ ခံတွင်းမှ အနံ့ဆိုးတွေကို ဖယ်ရှားနိုင်တဲ့အစွမ်းရှိပြီး နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အနံ့အသက်ကို ကောင်းမွန်လာစေကာ ချွေးအလွန်အကျွံထွက်ခြင်းကိုလည်း လျော့ကျစေပါတယ်။

၇။ လက်ဖက်စိမ်း

လက်ဖက်စိမ်းတွေမှာ သဘာဝအက်စစ်ဓာတ်ပါဝင်တာကြောင့် ချွေးထွက်လွန်ခြင်းကို တိုက်ဖျက်ပေးကာ ဘက်တီးရီးယားတွေပေါက်ဖွားမှုကိုလည်း ကာကွယ်ပေးပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးမယ်ဆိုရင် ရလဒ်ကောင်းတွေကို ရရှိစေကာ ကိုယ်အလေးချိန်လျော့ချလို သူများအတွက်လည်း အထူးကောင်းမွန်ပါတယ်။

Source: BrightSide