ကြက်သွန်နီရဲ့ ၉၀ ရာခိုင်နှုန်းက ရေဓာတ်နဲ့ဖွဲ့စည်းထားတာပါ။ ကျန်ရှိတဲ့ ၁၀ ရာခိုင်နှုန်းမှာ အာဟာရဓာတ်တွေအများကြီးပါဝင်နေပါတယ်။

ဗီတာမင် B တွေ ကြွယ်ဝစွာပါဝင်ပြီး အာရုံကြောစနစ်ကို ကောင်းစေကာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

အဲ့ဒီအပြင် စွမ်းအားမြင့် Antioxidants တွေနဲ့ ဗီတာမင် E နဲ့ C တို့လည်းပါဝင်ပါတယ်။

မတူညီတဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ Phosphorus၊ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ဆာလဖာ တို့လည်းပါဝင်ပါတယ်။

အမိုင်နိုအက်ဆစ်နဲ့အမျှင်ဓာတ်လည်း ပါလိုက်ပါသေးတယ်။

ကြက်သွန်နီရဲ့အကျိုးကျေးဇူး

ကျောက်ကပ်အတွက်ကောင်းမွန်

ကြက်သွန်နီမှာ ဆီးရွှင်စေတဲ့ ဓာတ်ပါဝင်တာကြောင့် ကျောက်ကပ်ရောဂါဖြစ်နေသူတွေ၊ ဂေါက်၊ ကျောက်ကပ်မှာ ကျောက်တည်၊ သွေးတိုးရောဂါရှိသူတွေအတွက်ကောင်းပါတယ်။

သကြားဓာတ်၊ အဆီဓာတ်တွေလည်း ပါဝင်မှုအရမ်းနည်းပါတယ်။

ကိုယ်ခံအားကောင်းစေ

ကြက်သွန်နီမှာ ရောဂါပိုးမွှားတွေ ဘက်တီးရီးယားတွေ သေစေနိုင်တဲ့ ဓာတ်တွေပါဝင်ပါတယ်။

ဒါ့ကြောင့် တုပ်ကွေးဖြစ်သူတွေ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်သူတွေအတွက် ကြက်သွန်နီက အကောင်းဆုံးပါဘဲ။

အဲ့ဒီအပြင် ပန်းနာရင်ကြပ်နဲ့ အလက်ဂျစ်တွေအတွက်လည်း ကောင်းပါတယ်။

နှလုံးကိုကာကွယ်ပေး

ကြက်သွန်နီမှာ Antithrombosis ဓာတ်တွေ၊ Hypolipidemic ဓာတ်တွေပါဝင်တာကြောင့် မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကို လျော့ချပေးနိုင်ပြီး နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။

အစာခြေစနစ်ကို ထောက်ပံ့ပေး

ကြက်သွန်နီက အစာအိမ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။