[Unicode]

ပရိုတင်းဓာတ်တွေက သာမန်အချိန်မှာတော့ သိပ်အရေးမကြီးပေမယ့် Gym သွားဆော့တဲ့အခါမှာတော့ ကြွက်သားတွေ ဖွံ့ဖြိုးဖို့ဆိုရင် မရှိမဖြစ်ကို လိုအပ်လာပါတယ်။

အခုဆိုရင်လည်း လူနေမှုပုံစံတွေကပြောင်းလဲလာပြီး ခန္ဓာကိုယ်လှတဲ့ လူတွေကို သဘောကျ၊ အားကျလာတာတွေ များပါတယ်။

အဲ့လို ကြွက်သားတွေဖွံ့ဖြိုး၊ အဆီမရှိဖို့အတွက်ဆိုရင်တော့ ပရိုတင်းဓာတ်က အရေးကြီးလာပါတယ်။

Protein

ပရိုတင်းဓာတ်ဆိုတာဘာလဲ။

ပရိုတင်းဆိုတာက အမိုင်နိုအက်ဆစ်ဓာတ်တွေများပေါင်းစည်းပြီး ပရိုတင်းဖြစ်လာတာပါ။

ပရိုတင်းမှာ

နိုက်ထရိုဂျင်

အောက်စီဂျင်

ကာဗွန်

ဟိုက်ဒရိုဂျင်

ဖော့စပရက်စ် (Phosphorus) ဓာတ်တွေပါဝင်ပါတယ်။

ပရိုတင်းဓာတ်တွေကို အများအားဖြင့် ဆဲလ်တွေမှာ တွေ့ရှိရပါတယ်။ ပရိုတင်းဓာတ်တွေက ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေကို လုပ်ဆောင်ပေးပါတယ်။

ပရိုတင်းဓာတ်ရဲ့ လုပ်ဆောင်ချက်များ

ပရိုတင်းဓာတ်က ခန္ဓာကိုယ်ရဲ့ အဓိက လုပ်ဆောင်ချက်များမှာ ပါဝင်ပါတယ်။ အောက်စီဂျင်ကို သွေးတွေထဲကို ရောက်အောင် ပို့ပေးတဲ့နေရာမှာလည်း ပရိုတင်းဓာတ်ပါဝင်ပါတယ်။ အင်ဇိုင်း၊ ဟော်မှုန်း၊ Antibodies တွေဖြစ်လာဖို့ကလည်း ပရိုတင်းဓာတ်လိုအပ်ပါတယ်။

Alkaline-foods-broccoli

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ပရိုတင်းဓာတ်တွေအများကြီးပါဝင်ပြီး ဂရမ် ၁၀၀ ရှိတဲ့ ပန်းဂေါ်ဖီစိမ်းမှာ ၁၁.၁ ဂရမ် ပရိုတင်းဓာတ် ပါဝင်ပါတယ်။

pescados-y-mariscos

ငါး

ငါးတွေမှာ Omega 3 Fatty အက်ဆစ် တင်ပါဝင်တာမဟုတ်ဘဲ ပရိုတင်းဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။ ငါး ၈၅ ဂရမ် မှာဆိုရင် ၂၇ ဂရမ် ပရိုတင်း ပါဝင်ပါတယ်။

peanuts

အခွံမာအသီးများ

အခွံမာအသီးတွေမှာလည်း ပရိုတင်းဓာတ်ပါဝင်မှုများပါတယ်။အခွံမာသီး ဂရမ် ၁၀၀ မှာဆိုရင် ပရိုတင်းဓာတ်ပါဝင်မှုက ၁၇ ဂရမ်လောက်ရှိပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ အခွံမာအသီးများမှာ

  • Almonds သီး
  • မြေပဲ
  • Pistachios

တို့ဖြစ်ပါတယ်။

Featured Image Source: The Jakarta Post

[Zawgyi]

ပရိုတင္းဓာတ္ေတြက သာမန္အခ်ိန္မွာေတာ့ သိပ္အေရးမႀကီးေပမယ့္ Gym သြားေဆာ့တဲ့အခါမွာေတာ့ ၾကြက္သားေတြ ဖြံ႔ၿဖိဳးဖို႔ဆိုရင္ မရွိမျဖစ္ကို လိုအပ္လာပါတယ္။

အခုဆိုရင္လည္း လူေနမႈပံုစံေတြကေျပာင္းလဲလာၿပီး ခႏၶာကိုယ္လွတဲ့ လူေတြကို သေဘာက်၊ အားက်လာတာေတြ မ်ားပါတယ္။

အဲ့လို ၾကြက္သားေတြဖြ႔ံၿဖိဳး၊ အဆီမရွိဖို႔အတြက္ဆိုရင္ေတာ့ ပရိုတင္းဓာတ္က အေရးႀကီးလာပါတယ္။

Protein

ပရိုတင္းဓာတ္ဆိုတာဘာလဲ။

ပရိုတင္းဆိုတာက အမိုင္ႏိုအက္ဆစ္ဓာတ္ေတြမ်ားေပါင္းစည္းၿပီး ပရိုတင္းျဖစ္လာတာပါ။

ပရိုတင္းမွာ

ႏိုက္ထရိုဂ်င္

ေအာက္စီဂ်င္

ကာဗြန္

ဟိုက္ဒရိုဂ်င္

ေဖာ့စပရက္စ္ (Phosphorus) ဓာတ္ေတြပါ၀င္ပါတယ္။

ပရိုတင္းဓာတ္ေတြကို အမ်ားအားျဖင့္ ဆဲလ္ေတြမွာ ေတြ႔ရွိရပါတယ္။ ပရိုတင္းဓာတ္ေတြက ခႏၶာကိုယ္ရဲ႕ ဇီ၀ျဖစ္စဥ္ေတြကို လုပ္ေဆာင္ေပးပါတယ္။

ပရိုတင္းဓာတ္ရဲ႕ လုပ္ေဆာင္ခ်က္မ်ား

ပရိုတင္းဓာတ္က ခႏၶာကိုယ္ရဲ႕ အဓိက လုပ္ေဆာင္ခ်က္မ်ားမွာ ပါ၀င္ပါတယ္။ ေအာက္စီဂ်င္ကို ေသြးေတြထဲကို ေရာက္ေအာင္ ပို႔ေပးတဲ့ေနရာမွာလည္း ပရိုတင္းဓာတ္ပါ၀င္ပါတယ္။ အင္ဇိုင္း၊ ေဟာ္မႈန္း၊ Antibodies ေတြျဖစ္လာဖို႔ကလည္း ပရိုတင္းဓာတ္လိုအပ္ပါတယ္။

Alkaline-foods-broccoli

ပန္းေဂၚဖီစိမ္း

ပန္းေဂၚဖီစိမ္းမွာ ပရိုတင္းဓာတ္ေတြအမ်ားႀကီးပါ၀င္ၿပီး ဂရမ္ ၁၀၀ ရွိတဲ့ ပန္းေဂၚဖီစိမ္းမွာ ၁၁.၁ ဂရမ္ ပရိုတင္းဓာတ္ ပါ၀င္ပါတယ္။

pescados-y-mariscos

ငါး

ငါးေတြမွာ Omega 3 Fatty အက္ဆစ္ တင္ပါ၀င္တာမဟုတ္ဘဲ ပရိုတင္းဓာတ္ေတြလည္း အမ်ားႀကီးပါ၀င္ပါတယ္။ ငါး ၈၅ ဂရမ္ မွာဆိုရင္ ၂၇ ဂရမ္ ပရိုတင္း ပါ၀င္ပါတယ္။

peanuts

အခြံမာအသီးမ်ား

အခြံမာအသီးေတြမွာလည္း ပရိုတင္းဓာတ္ပါ၀င္မႈမ်ားပါတယ္။အခြံမာသီး ဂရမ္ ၁၀၀ မွာဆိုရင္ ပရုိတင္းဓာတ္ပါ၀င္မႈက ၁၇ ဂရမ္ေလာက္ရွိပါတယ္။ ပရိုတင္းဓာတ္ပါ၀င္မႈမ်ားတဲ့ အခြံမာအသီးမ်ားမွာ

  • Almonds သီး
  • ေျမပဲ
  • Pistachios

တို႔ျဖစ္ပါတယ္။

Featured Image Source: The Jakarta Post