နေ့စဉ်ဖြစ်ဖြစ်၊ အပတ်စဉ်ဖြစ်ဖြစ် Almonds စေ့ကို ရေစိမ်ပြီးစားရင် အာဟာရဓာတ်များစွာကို ရရှိမှာဖြစ်ပါတယ်။

ရေစိမ်ထားလိုက်ရင် Almonds စေ့ရဲ့ အခွံမှာရှိနေတဲ့ Tannins နဲ့  အက်ဆစ်တွေကို လျော့ပါးစေပြီး ရှိနေတဲ့ အာဟာရဓာတ်တွေကို ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်ပါတယ်။

ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အင်ဇိုင်းဓာတ်တွေကို ပိုစုပ်ယူလာနိုင်ပြီး အစာခြေစနစ်ကို အားကောင်းစေပါတယ်။

Almonds စေ့မှာပါဝင်တဲ့ အာဟာရများ

Source: www.superlife.com

Almonds စေ့မှာ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ Monounsaturated နဲ့ Polyunsaturated အဆီဓာတ် တွေ ပါဝင်ပါတယ်။ ကယ်ဆီယမ် နဲ့သံဓာတ်တွေလည်းပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကောင်းဆုံးပါဘဲ။

ရေဘယ်လိုစိမ်မလဲ

Source: www.superlife.com

Almonds စေ့ ၂ ခွက်စာလောက်ကို ဇလုံတစ်ခုတည်းထည့်ပြီး ရေနွေးနွေးနဲ့စိမ်ထားပါ။ ၁၂ နာရီလောက်ကြာရင်၊ ရေကို ဖယ်ထုတ်လိုက်ပြီး ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းထည့်ပါ။ ပြီးရင် ရေနွေးနွေးနဲ့ထပ်ပြီး ၁၂ နာရီလောက် ထပ်စိမ်ထားပါ။

၂၄ နာရီလောက် ရေစိမ်ပြီးနောက် Almonds စေ့ရဲ့ အခွံကို အလွယ်တကူ ခွာနိုင်သွားပါပြီ။ ရေစိမ်ထားတဲ့ Almons စေ့တွေကို ၁ ပတ်လောက် ထားပြီး စားလို့ရပါတယ်။

အသားအရေနဲ့ ဆံသား

ရေစိမ်ထားတဲ့ Almonds စေ့မှာ ဗီတာမင် E ပိုပြီး ပါဝင်ပါတယ်။ ဗီတာမင်ဓာတ်တွေက ရောင်ရမ်းတာတွေကို လျော့ကျစေပြီး အသားအရေနဲ့ဆံသား မှာရှိနေတဲ့ ဆဲလ်တွေကိုလည်း အားကောင်းစေပါတယ်။

ကိုယ်ဝန်ဆောင် ကျန်းမာရေး

ရေစိမ်ထားတဲ့ Almonds စေ့မှာ သာမန် Almonds စေ့ထက် Folic အက်ဆစ်ပါဝင်မှုနှု်း ပိုများပါတယ်။

အစာခြေစနစ်

အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရေစိမ်ထားတဲ့ Almonds စေ့က ဝမ်းချုပ်တာ၊ အစာမကြေတာတို့၊ လေပွတာတို့ကို သက်သာစေပါတယ်။

ကိုယ်အလေးချိန် ကျဆင်း

ရေစိမ်ထားတဲ့ Almonds စေ့ကိုစားရင် ဗိုက်ကို ပြည့်နေသလို ခံစားရပြီး ဗိုက်ဆာတာ သက်သာစေပါတယ်။

ဒါ့ကြောင့် ခဏခဏ စားတာကို ကာကွယ်ပေးတာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။