[Unicode]

ဖရုံသီးကိုစားလို့ရသလို ဖရုံညွှန့်ကိုလည်း စားလို့ရပါတယ်။ ဖရုံညွှန့်မှာ ရေဓါတ်၊ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စ်ဖော့ရပ်စ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A,K,နဲ့ဖော့လိတ် အက်ဆစ်ဓါတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

Nutritional-Content-Of-Pumpkin-Leaves

နှလုံးကျန်းမာရေး

ဖရုံညွှန့်ဟာ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အရသာရှိပါတယ်။ ဖရုံညွှန့်ကို ပုံမှန်စားပေးမယ်ဆိုရင်တော့ သွေးတွင်းကိုလက်စထရောကိုကျစေပြီး အသည်းကိုကျန်းမာစေသလို၊ နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ပိုတက်ဆီယမ်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ နှလုံးခုန်မမှန်ဖြစ်တာကိုကာကွယ်ပေးပြီး လေဖြတ်မှုအန္တရာယ်ကိုလျှော့ချပေးပါတယ်။

ကိုယ်ခံအားစနစ်

p1000115

သံဓါတ်ပါဝင်လို့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပါတယ်။ ကူးစက်ရောဂါအမျိုးမျိုးကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

ကင်ဆာတိုက်ဖျက်ပေးနိုင်ခြင်း

အစိမ်းရောင်ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ဖရုံညွှန့်မှာ အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်ပြီး အူမကြီးကင်ဆာဖြစ်ပွားမှုကိုလျှော့ချပေးပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင်တေ့ ကင်ဆာကို အူမကြီးကင်ဆာကို တိုက်ဖျက်ပေးနိုင်ပါတယ်။

အရိုးသန်မာစေခြင်း

ကယ်လ်ဆီယမ်ဓါတ်ပါဝင်လို့ သွားနဲ့ အရိုးကို သန်မာစေပါတယ်။

ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးခြင်း

women-with-stomach-ache

အမျှင်ဓါတ်တွေကြွယ်ဝစွာပါဝင်လို့ ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးပါတယ်။

သွားဖက်ဆိုင်ရာကျန်းမာရေး

ကယ်လ်ဆီယမ်၊ ဗီတာမင်D ဖော့စ်ဖော့ရပ်စ်ဓါတ်တွေပါဝင်လို့ သွားတွေကိုကျန်းမာစေပြီး မေးရိုးကိုလည်း ခိုင်မာစေပါတယ်။ တခြားဗီတာမင်နဲ့ သတ္တုဓါတ်တွေလည်းပါဝင်လို့ သွားနဲ့ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းကုသပေးနိုင်ပါတယ်။

အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း

pumpkin-young-leaves-stir-fry1

Antioxidant တွေကြွယ်ဝစွာပါဝင်လို့ အရွယ်အတိုင်ခင် အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးနိုင်ပါတယ်။ သင့်ကိုပိုပြီးနုပျိုစေပြီး အသက်ရှည်စေပါတယ်။

[Zawgyi]

ဖရံုသီးကိုစားလို႔ရသလို ဖရံုညႊန္႔ကိုလည္း စားလို႔ရပါတယ္။ ဖရံုညႊန္႔မွာ ေရဓါတ္၊ ကယ္လ္ဆီယမ္၊ ပိုတက္ဆီယမ္၊ ေဖာ့စ္ေဖာ့ရပ္စ္၊ သံဓါတ္၊ မဂၢနီဆီယမ္၊ ဗီတာမင္ A,K,နဲ႔ေဖာ့လိတ္ အက္ဆစ္ဓါတ္ေတြၾကြယ္၀စြာပါ၀င္ပါတယ္။

Nutritional-Content-Of-Pumpkin-Leaves

ႏွလံုးက်န္းမာေရး

ဖရံုညႊန္႔ဟာ က်န္းမာေရးနဲ႔ညီညႊတ္ၿပီး အရသာရွိပါတယ္။ ဖရံုညႊန္႔ကို ပံုမွန္စားေပးမယ္ဆိုရင္ေတာ့ ေသြးတြင္းကိုလက္စထေရာကိုက်ေစၿပီး အသည္းကိုက်န္းမာေစသလို၊ ႏွလံုးေရာဂါျဖစ္ပြားမႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ပိုတက္ဆီယမ္ဓါတ္ေတြ ၾကြယ္၀စြာပါ၀င္လို႔ ႏွလံုးခုန္မမွန္ျဖစ္တာကိုကာကြယ္ေပးၿပီး ေလျဖတ္မႈအႏၱရာယ္ကိုေလွ်ာ့ခ်ေပးပါတယ္။

ကိုယ္ခံအားစနစ္

p1000115

သံဓါတ္ပါ၀င္လို႔ ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစပါတယ္။ ကူးစက္ေရာဂါအမ်ိဳးမ်ိဳးကိုလည္း တိုက္ထုတ္ေပးႏိုင္ပါတယ္။

ကင္ဆာတိုက္ဖ်က္ေပးႏိုင္ျခင္း

အစိမ္းေရာင္ဟင္းသီးဟင္းရြက္ျဖစ္တဲ့ ဖရံုညႊန္႔မွာ အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္ၿပီး အူမႀကီးကင္ဆာျဖစ္ပြားမႈကိုေလွ်ာ့ခ်ေပးပါတယ္။ ပံုမွန္စားေပးမယ္ဆိုရင္ေတ့ ကင္ဆာကို အူမႀကီးကင္ဆာကို တိုက္ဖ်က္ေပးႏိုင္ပါတယ္။

အရိုးသန္မာေစျခင္း

ကယ္လ္ဆီယမ္ဓါတ္ပါ၀င္လို႔ သြားနဲ႔ အရိုးကို သန္မာေစပါတယ္။

၀မ္းခ်ဳပ္ျခင္းကိုကာကြယ္ေပးျခင္း

women-with-stomach-ache

အမွ်င္ဓါတ္ေတြၾကြယ္၀စြာပါ၀င္လို႔ ၀မ္းခ်ဳပ္ျခင္းကိုကာကြယ္ေပးပါတယ္။

သြားဖက္ဆိုင္ရာက်န္းမာေရး

ကယ္လ္ဆီယမ္၊ ဗီတာမင္D ေဖာ့စ္ေဖာ့ရပ္စ္ဓါတ္ေတြပါ၀င္လို႔ သြားေတြကိုက်န္းမာေစၿပီး ေမးရိုးကိုလည္း ခိုင္မာေစပါတယ္။ တျခားဗီတာမင္နဲ႔ သတၱဳဓါတ္ေတြလည္းပါ၀င္လို႔ သြားနဲ႔ပတ္သတ္တဲ့ ျပႆနာေတြကို ေျဖရွင္းကုသေပးႏိုင္ပါတယ္။

အုိမင္းရင့္ေရာ္မႈကိုကာကြယ္ေပးျခင္း

pumpkin-young-leaves-stir-fry1

Antioxidant ေတြၾကြယ္၀စြာပါ၀င္လို႔ အရြယ္အတိုင္ခင္ အိုမင္းရင့္ေရာ္မႈကိုကာကြယ္ေပးႏိုင္ပါတယ္။ သင့္ကိုပိုၿပီးႏုပ်ိဳေစၿပီး အသက္ရွည္ေစပါတယ္။