နေ့လည်နေ့ခင်းတွေ သရေစာအနေနဲ့ စားချင်တဲ့အခါဖြစ်ဖြစ်၊ အလှူမင်္ဂလာပွဲတွေမှာ အချိုပွဲအနေနဲ့ တည်ခင်းဧည့်ခံလိုတဲ့အခါပဲဖြစ်ဖြစ် ဒီရွှေဖရုံသီးမုန့်လေးက အကောင်းဆုံးပါပဲနော်။ ချိုစိမ့်တဲ့အရသာလေးနဲ့မို့ လူတိုင်းရဲ့ခံတွင်းမှာ အရသာတွေ့နေမှာ အမှန်ပါပဲ။

ပါဝင်ပစ္စည်းများ

  • ရွှေဖရုံသီး (အခွံခွာပြီး)    ၂၂၀ ဂရမ်  (ပေါင်းထာပါ)
  • ဆန်မှုန့်   ၁၀၀ ဂရမ်
  • အုန်းနို့   ၁၀၀ ml
  • သကြား ၅၀ ဂရမ်
  • ဆား   အနည်းငယ်
  • အုန်းသီး    အနည်းငယ် ( ခြစ်ထားပါ )

ပြုလုပ်နည်း

  1. ပေါင်းထားသော  ရွှေဖရုံသီးကို အားလုံး ကြေညက်သွားအောင် ခရင်းနှင့် ခြေထားပါ။
  2. ခြေထားသော  ရွှေဖရုံသီးအနှစ်များကို ဇလုံ တခုထဲတွင် ဆန်မှုန့် ၊ အုန်းနို့၊ သကြား ၊ ဆား အနည်းငယ်တို့နှင့် နှံ့စပ်အောင် နယ်ပါ ။
  3. ပြီးလျင် ပုံစံခွက်ထဲတွင် ထည့်ရျ် အပေါ်မှ ခြစ်ထားသော အုန်းသီးဖတ်လေးများကို ဖြူးရျ် ပေါင်းပါ ။
  4. ပေါင်းပြီးသား ရွှေဖရုံသီးမုန့်များကို အအေးခံထားပါ။ ပြီးလျှင် ရွှေဖရုံသီးမုန့်ခွက်များကို ရေခဲသေတ္တာထဲတွင် ထားပြီး လျှင် စားကာနီးမှ ခွက်လေးများထဲ မှ ထုပ်ပြီး သုံးဆောင်နိုင်ပါသည် ။
  5. မွှေးရျ် အေးနေသော ရွှေဖရုံသီးမုန့်လေးကို ကြိုက်နှစ်သက် ကြပါစေ ။

MyFood Myanmar