အိန္ဒိယရုပ်ရှင်ကားထဲမှာ သွားရည်ကျအောင်စားပြတဲ့ ပူရီနဲ့အာလူးဟင်းရည်ကို ဘယ်သူကမကြိုက်ပဲနေမလဲနော့။ ပူရီအိအိဖောင်းဖောင်းလေးကို မွှေးနေတဲ့အာလူးဟင်းရည်နဲ့ တို့စားလိုက်ရင်ဖြင့် ခံတွင်းထဲမြိန်နေမှာပဲ။ ပြောနေရင်းတောင် သွားရည်ကျလာပြီ။ ကြိုက်လွန်းလို့ ဆိုင်မှာဝယ်စားမယ်ဆိုရင်တောင် မပါစလောက်လေးကို မတန်မရာပေးနေရသလိုပဲ။

ဒါကြောင့်အားလပ်ရက်မှာ မိသားစုနဲ့အတူတူလုပ်စားလို့ရအောင် ပူရီနဲ့အာလူးဟင်းရည်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါပြီနော်။

၁။ ပူရီ

ပါဝင်ပစ္စည်းများ

  • ဂျုံကြမ်း (၂ခွက်စာ)
  • ဆီ (စားပွဲတင်ဇွန်း ၄ဇွန်း)
  • ဆား (အနည်းငယ်)ေ
  • ရနွေး (ဖန်ခွက်၏ ၄ပုံ ၃ပုံ)
  • ပူရီကြော်ရန်ဆီ (၂၀ကျပ်သား)

ပြုလုပ်နည်း

၁။ဇလုံတစ်ခုထဲမှာ ဂျုံကြမ်းထည့်ပြီး ဆီ၊ ဆားဖြူးကာ လက်ချောင်းလေးတွေနဲ့ ဖွနယ်ပေးပါ။

Screenshot-2017-11-12 How to Make Puri

၂။ပြီးတာနဲ့ ရေနွေးကိုလိုသလောက်ဖြည်းဖြည်းချင်းထည့်ပါ။ ဂျုံသားချောမွတ်ညက်ညောပြီး ကျစ်လျစ်တဲ့အထိသေချာနယ်ပေးပါ။

Screenshot-2017-11-12 How to Make Puri(1)

၃။ပူရီကို အနေတော် အရွယ်လေးတွေလုံးထားပါ။

၄။သစ်သား စဉ်းနှီးတုံးအပြားပေါ် ဆီသုတ်ပြီး လုံးထားတဲ့ပူရီဂျုံလုံးကိုတင်ကာ လိမ့်တံနဲ့ပြားပြားဝိုင်းဝိုင်းဖြစ်အောင်လုပ်ပေးပါ။

Screenshot-2017-11-12 How to Make Puri(2)

၅။မီးဖိုးပေါ်မှာ ဒယ်အိုးတင်ပြီး ဆီအပူပေးထားပါ။

၆။ပူလာတဲ့ဆီထဲ ဆားနည်းနည်းဖြူးပေးပါ။ (မတူးစေရအောင်ပါ)

Screenshot-2017-11-12 How to Make Puri(3)

၇။ဂျုံပြားကို တစ်ချပ်ချင်းဆီထည့်ကြော်ပါ။ ကြော်တဲ့အခါ ဂျုံသားပွဖောင်းလာမှ အခြားတစ်ဖက်ကိုလှည့်ပေးပါ။

Screenshot-2017-11-12 How to Make Puri(4)

၈။ပူရီနည်းနည်းညိုလာတာနဲ့ ဆယ်ထုတ်ပြီးပန်းကန်ပြားပေါ်တင်ကာ သုံးဆောင်လို့ရပါပြီ။ ( ပိုလျှံတဲ့အဆီတွေစုပ်ယူဖို့ ပူရီထည့်မယ့်ပန်းကန်ပြားအောက်မှာ တစ်ရှူးစက္ကူခင်းထားပါ။ )

Screenshot-2017-11-12 How to Make Puri(5)

 

၂။ အာလူးဟင်းရည်

ပါဝင်ပစ္စည်းများ

အာလူးပြုတ်-၃လုံး

ကြက်သွန်နီ(အကြီး)- ၁လုံး

ပျဉ်တော်သိမ်ရွက်- အနည်းငယ်

မုန်ညင်းစေ့ – လက်ဖက်ရည်ဇွန်း ၄ပုံတစ်ပုံ

ဇီယာစေ့ -လက်ဖက်ရည်ဇွန်းတစ်ဝက်

နံနံပင် -အနည်းငယ်

နနွင်းမှုန့်- အနည်းငယ်

ငရုတ်သီးစိမ်း(အရှည်)- ၃တောင့်

ကုလားပဲ- စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – အနည်းငယ်

ပြုလုပ်နည်း

၁။ပထမဦးဆုံး မီးဖိုပေါ်မှာ ဒယ်အိုးတင်၊ ဆီထည့်ပြီး ဆီအပူပေးပါ။

၂။ဆီပူလာလျှင် ကုလားပဲကိုထည့်ပြီး အနည်းငယ်ရွလာတဲ့အထိထားပါ။

၃။ပြီးလျှင်မုန်ညင်းစေ့၊ ဇီယာကိုထည့်ပါ။

၄။ကြက်သွန်နီ၊ ပျဉ်တော်သိမ်ရွက်ထည့်ပြီး ကြက်သွန်နီအရောင်ပြောင်းလာတဲ့အထိမွှေပါ။

၅။ ဆားလိုသလောက်ထည့်ပါ။ ငရုတ်သီးစိမ်းထည့်ပါ။

၆။နနွင်းမှုန့်ထည့်ပြီး မွှေပါ။

၇။ ပြုတ်ထားတဲ့အာလူးကို အနေတော်ချေပြီးထည့်ပါမယ်။ (အရမ်းကြေသွားအောင်မချေပဲ အခဲလေးတွေကျန်အောင်ချေပါ)

၈။ရေလိုသလောက်ထည့်ပြီး ဆားအနေတော်၊ မတော်ကြည့်ပါ။ အဆင်ပြေပြီဆိုရင် ၅မိနစ်လောက်ဆူအောင်ထားပါမယ်။

၉။ နောက်ဆုံးမှာတော့ နံနံပင်အုပ်ပြီး ပူရီ၊ ချာပါတီ၊ ပေါင်မုန့် ကြိုက်တာနဲ့သုံးဆောင်လို့ရပါပြီ။

Screenshot-2017-11-12 (94) Poori Kizhangu Masala Recipe-Potato Curry-Side dish for Poori By Healthy Food Kitchen - YouTube