ပိန်းဥဆိုရင် မြန်မာတို့နဲ့ ရင်းနှီးကြပါတယ်နော်။ ပိန်းဥရေခဲမုန့်ဆိုရင် စာရေးသူအရမ်းကြိုက်သလို ပိန်းဥကိုလည်း စားဖြစ်ပါတယ်။ စာဖတ်သူတို့ထဲမှာလည်း ပိန်းဥကြိုက်တဲ့သူရှိမယ်ထင်ပါတယ်နော်။ ပိန်းဥက ကျန်းမာပြီး အာဟာရရှိစေလို့ လူတိုင်းလည်း ကြိုက်နှစ်သက်ကြပါတယ်။ ပိန်းဥကို ဒီအတိုင်းလည်းချက်စားကြသလို သာကူကျိုတဲ့နေရာမှာလည်း ထည့်ကြပါတယ်။ ပိန်းဥမှာ အာဟာရဓါတ်ပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိနေပါတယ်။

23b2b18

၁။ သွေးလည်ပတ်မှုကောင်းမွန်စေခြင်း

ပိန်းဥစားပေးရင် သွေးလည်ပတ်မှုကိုကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် သွေးကြောပိတ်စို့တာမျိုး မဖြစ်စေဖို့ ကူညီပေးနိုင်ပါတယ်။

၂။ အစာချေစနစ်ကောင်းမွန်စေခြင်း။

အမျှင်ဓါတ်တွေပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေတဲ့ ဥ တစ်မျိုးပါပဲ။ သင့်ရဲ့ အစာချေလမ်းကြောင်းကို ကောင်းမွန်စေသလို ဝမ်းရောဂါအမျိုးမျိုးကနေ ကင်းဝေးစေပါတယ်။

၃။ ဘက်တီးရီးယား ဆန့်ကျင်ပစ္စည်း

mxcp01

ပိန်းဥမှာ ဘက်တီးရီးယားကိုသေစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ပုံမှန်စားပေးရင် အအေးမိဖျားနာ အလွယ်တကူမဖြစ်စေဖို့ ကူညီပေးမှာပါ။

၄။ ကင်ဆာကာကွယ်ပေးနိုင်ခြင်း။

ပိန်းဥမှာ Antioxidant ကြွယ်ဝစွာပါဝင်လို့ ကင်ဆာလ်ပြန့်ပွားမှုကို ထိန်းချုပ်ပေးသလို ကင်ဆာမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။

၅။ ကယ်လိုရီလျှော့ကျစေတယ်။

fresh_taro_dasheen_1

ပိန်းဥမှာ ကယ်လိုရီ ၁၁၂ ပါဝင်ပြီး အဆီမပါသလို ကိုယ်လက်စရောလည်း မပါဝင်ပါဘူး။ ဒါ့ကြောင့် ပိန်းဥကိုစားပေမယ့် ကယ်လိုရီတက်လာမှာ စိတ်ပူစရာမလိုပါဘူး။ သင့်ကို ဗိုက်ပြည့်စေလို ရောင့်ရဲတင်းတိမ်စေပါတယ်။