အလုပ်များသော သူများအတွက် အမြန်ဆုံးနည်းဖြင့် ဟင်းတစ်ခွက် ချက်နည်းလေးပါ။ အချိန်တိုတို စားချင် ဖွယ်ရာ ကောင်းသော ဟင်းလျာတစ်ခွက် ဖြစ်ပါတယ်။ စည့်အကြိုက်လည်းဖြစ်ပြီး အားလုံးလည်း ပြန်ချက် စားကြည့်လို့ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါး – ၃ဝ ကျပ်သား (အတုံးသေးသေးလေးတွေ လှီးထားပါ)
  • ငရုတ်သီးစိမ်း – ၂ဝ တောင့် (ကြိတ်ထားပါ)
  • ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မန်ကျည်းမှည့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ (အဖတ်လိုက်ထည့်ပါ)
  • စိမ်းစားငါးပိ – စားပွဲဇွန်း ၁ ဇွန်း
  • နံနံပင် – ၃ ပင် (ခပ်ကြမ်းကြမ်းလေးတွေ ဖြတ်ထားပါ)
  • ပင်စိမ်း – ၂ ခက် (အရွက်တွေ ခြွေထားပါ)
  • ဆား – လိုလျှင်ထည့်နိုင်ပါတယ်

ပြုလုပ်နည်း

  1. ကြိတ်စက်ထဲ နံနံရိုး၊ ငါးပိ၊ ငရုတ်သီးစိမ်း၊ မန်ကျည်းမှည့်များ အားလုံးထည့်ကြိတ်ပါ။
  2. ဟင်းအိုးထဲသို့ ရေအနည်းငယ်နှင့် ကြိတ်ထားသော အရာများ ပင်စိမ်းနှင့် နံနံရွက်က လွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး တည်ပါ။
  3. ရေပွတ်ပွတ် ဆူလာပြီး ငရုတ်သီးစိမ်း အနံ့ ပျောက်လျှင် ရပါပြီ။ ဆားမြည်းပါ၊ လိုတာ ထပ်ဖြည့်ပါ။
  4. မီးဖိုပေါ်မှချပြီး နံနံပင်အုပ်ပါ။ သရေကျစရာ၊ ဗိုက်ဆာဖွယ်ရာ၊ ဆွဲဆောင်မှုအနံ့လေးဖြင့် မြူဆွယ်ကောင်းသော ဟင်းတစ်ခွက်ရလာမှာပါ။