ကိုရီးယား မုန်လာဥဖြူ ကင်ချီသည် ကိုရီးယား လူမျိုးများ အတွက်မရှိမဖြစ် အရသာရှိလှသည့် အရံ အစားအစာ တစ်ခုဖြစ်ပါသည်။ မြန်မာလူမျိုးများအတွက် တို့စရာ(မုန်လာဥဖြူ ကင်ချီ) အဖြစ် အရသာရှိစွာ စားသုံးနိုင်ပါသည်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥဖြူ – ၁ ကီလိုခွဲ  (အတုံးလေးတွေလှီးထားပါ)
  • Korea Chili Powder – ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • မုန်လာဥဖြူ နယ်အရည် – ၆ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆား – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား – ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ငါးငံပြာရည် – ၄ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ – ၆ မွှာ  (နုပ်နုပ်စင်းထားပါ)
  • ဂျင်း – လက်တစ်ဆစ်ခန့်  (နုပ်နုပ်စင်းထားပါ)
  • ကြက်သွန်မြိတ် –  အနည်းငယ်  (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း

  1. ပထမဦးစွာ မုန်လာဥဖြူ များကို ပုံတွင်ဖော်ပြထားသည့်အတိုင်း အတုံးလေးတွေဖြစ်အောင် လှီးပါ။
  2. ထို့နောက် ဆား စားပွဲတင်ဇွန်း ၂ ဇွန်း ၊ သကြား စားပွဲတင်ဇွန်း ၂ ဇွန်း ထည့်ကာ နှံ့အောင်နယ်ပြီး နာရီဝက်ခန့် ကြာအောင် နှပ်ထားပါ။ (အရည်များ ထွက်လာပါက စစ်ထားပြီး ပန်းကန်လုံး တစ်ခုထဲသို့ လောင်းထည့်ထားပါ။)
  3. အရည်စင်အောင် စစ်ထားသည့် မုန်လာဥဖြူ ထဲသို့ ကြက်သွန်ဖြူ ၆- မွှာအား နုပ်နုပ်စင်းပြီး ထည့်ပါ။ ကြက်သွန်မြိတ် အနည်းငယ်ကို ပါးပါးလှီး ထည့်ပါ။ ဂျင်း လက်တစ်ဆစ်ခန့် (နုပ်နုပ်စင်းထားပါ) ထည့်ပါ။
  4. ပြီးနောက် ကိုရီးယား ငရုပ်သီးမှုန့်၊ ငါးငံပြာရည် ထည့်ပြီး၊ အရည်များ စစ်ထား သည့် မုန်လာဥဖြူရည် ထည့်ကာ နှံ့အောင် မွှေပြီး အဝကျယ် ပုလင်းတစ်ခုထဲသို့ လေမဝင်အောင် သိပ်ထည့်ပါ။
  5.  ထို့နောက် အခန်း အပူချိန်ဖြင့် အပြင်တွင် ၂ ရက်ခန့် ထားပြီး အသင့်စားသုံးနိုင်ပါသည်။

Credit: ဇွဲသုသု