မုန်လာဥဖြူရဲ့ ကျန်းမာရေးကောင်းကျိုး

Share this on:

အမှန်ကတော့ ပြင်ပအသွင်သဏ္ဍန်အရ မြန်မာလိုအနီးစပ်ဆုံး နာမည်ပေးရရင် မုန်လာဥနီလို့ပဲ ပေးဖို့ သင့်တော်တယ်လို့ ထင်ပါတယ်။ အကြောင်းကတော့ မုန်လာဥဖြူရဲ့ ပုံစံဟာ အနီရောင်ဖြစ်နေလို့ပါဘဲ။ ဒါပေမယ့် ဓားနဲ့လှီးလိုက်တဲ့ အခါမှာ
တော့ အတွင်းထဲမှာ အဖြူရောင်အသားကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မုန်လာဥနီဆိုပြီး သီးသန့်မုန်လာမျိုးရင်းဝင် ကလည်း ရှိနေတော့ ဒီဥကို Radish (မုန်လာဥဖြူ)လို့ သီးသန့်အမည်ပေးထားပုံရပါတယ်။ မုန်လာဥဖြူဟာ လူ့ကျန်းမာရေးကို အထူး ကောင်းမွန်စေပါတယ်။ အဓိကပေးစွမ်းနိုင်တဲ့ အကျိုးကျေးဇူးတွေကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။

(၁) ဆီးကျောက်ကို ကျေစေနိုင်တယ်

မုန်လာဥဖြူကို ပုံမှန်စားသုံးပေးပါက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ ဆီးကျောက်ကို တစ်လအတွင်း ကျေစေနိုင်တယ်လို့ သိရပါတယ်။ မုန်လာဥဖြူမှာ အဓိကပါဝင်တဲ့ ဓာတ်ကတော့ ပိုတက်စီယမ်ဖြစ်ပြီး အဲဒီဓာတ်ဟာ ဆီးကျောက်ကို ကျေစေနိုင်တဲ့ အကျိုးအာနိသင်ကို ပေးစွမ်းပါတယ်။

(၂) အသဲကို ၀င်ရောက်မယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

မုန်လာဥဖြူမှာပါဝင်တဲ့ ပိုတက်စီယံ၊ ဆိုဒီယံ၊ Dietary Fiber ဓာတ်တွေဟာ အသည်းကို အဆိပ်အတောက်ဖြစ်စေမယ့် ဓာတ်တွေ၊ ဘက်တီးရီးယားတွေကို နိုင်နင်းပါတယ်။ အရက်ကြောင့် အသဲထိခိုက်နေရတဲ့သူတွေအနေနဲ့ မုန်လာဥဖြူကို သဘာဝအတိုင်း နေ့စဉ်စားသုံးပေးပါက အသဲဆဲလ်တွေ ပြန်ကောင်းလာစေနိုင်ပါတယ်။

(၃) အရေပြားရောဂါတွေကို မဖြစ်စေဘူး

အရေပြားဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပွေး၊ ညှင်၊ ဗောက်၊ ဒက်၊ ဂျွတ်၊ သဲဝဲ၊ ၀ဲ၊ ယားနာ စတဲ့ရောဂါတွေကို မဖြစ်အောင် မုန်လာဥဖြူက ကာကွယ်ပေးနိုင်ပါတယ်။ မုန်လာဥဖြူကို ပုံမှန်စားသုံးပေးပါက အရေပြားကို အာဟာရဓာတ်တွေ ပို့လွှတ်ပေးတဲ့ သွေးကြောတွေ၊ ဆဲလ်တွေကို အားကောင်းစေပြီး အရေပြားကင်ဆာကိုပင် ကာကွယ်ပေးနိုင်ပါတယ်။

(၄) အဆီကျစေတယ်

ကယ်လိုရီပါဝင်မှုပမာဏ အနည်းဆုံး အစားအစာဖြစ်လို့ အဆီချတဲ့နေရာမှာ တစ်ဖက်တစ်လမ်းကနေ စွမ်းဆောင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာခြေစနစ်နဲ့ အဆီဖုအဆီခဲတွေကို ချေဖျက်ပေးတဲ့ အပိုင်းမှာ မုန်လာဥဖြူက စွမ်းဆောင်ရည် ပြည့်ဝပါတယ်။ အ၀လွန်သူတွေလည်း သဘာဝအတိုင်း နေ့စဉ်စားသုံးပေးသင့်တဲ့ အရာဖြစ်ပါတယ်။

(၅) ကင်ဆာရောဂါကို ကာကွယ်ပေးတယ်

မုန်လာဥဖြူ ပုံမှန်စားသုံးပေးပါက ကင်ဆာရောဂါဆိုးတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်
တွေ ၀င်ရောက်တွယ်ကပ်ခြင်းကို မဖြစ်စေဘဲ၊ ကင်ဆာဆဲလ်များ တွယ်ကပ်ပြီးသား ရောဂါဝေဒနာရှင်တွေအတွက်လည်း ရောဂါအခြေအနေ တိုးတက်ကောင်းမွန်အောင် မုန်လာဥဖြူက စွမ်းဆောင်ပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

2 (3 Votes)