ဖလံတောင်ဝှေးဟာ တစ်နှစ်မှာ တစ်ကြိမ်ပဲ ပေါ်တဲ့ အပင်ကို စားရတဲ့ အသီးအရွက် တစ်မျိုးပါ။ မိုးဦးကျစမှာ စတွေ့ရပြီး တောလက်ကျေးရွက်တွေမှာတော့ ဖလံတောင်ဝှေးဟာ အလေ့ကျ ပေါက်တတ်တဲ့ အပင်မျိုးပါ။ ဖလံတောင်ဝှေးပင်ကို ကော့စတပ် စပီယိုဆတ်ဟု ခေါ်ပြီး ဇင်ဂျီဗာရေးစီအီးမျိုးရင်းတွင် ပါဝင်ပါတယ်။ ချင်းပင်၊ ငွေပန်းပင်တု့ိလို ဥအတကေ်တွေ ပါရှိပြီး အကိုင်းအလက် နည်းပါးပြီး ပင်စည်အစို့အတက်များကနေ ထွက်ပေါက်ပါတယ်။

သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖီဂျီကျွန်းစု၊ ဟာဝိုင်အီကျွန်းစု နှင့် နီကိုဘာကျွန်းစုတို့တွင် အနံှ့ အပြားပါက်ရောက်သည်။ မိုးဥတုတွင်များစွာဖြစ်ထွန်းပေါက်ရောက်သည်။ ငှက်တို့မှ စားသုံး သယ်ဆောင် ခြင်းကြောင့် ကမ္ဘာ့ Tropical ဒေသအနှံ့အပြားတွင် ပေါက်ရောက်ခြင်းဖြစ်သည်။

keukand
ဖလံတောင်ဝှေးပင်ကို အစို့ထွက်စ အချိန်တွေမှာ ချိုးပြီး အပေါ်ခွံများ၊ အမြှေးများ သင်ပစ်ပြီး အနုပိုင်းကို ထု ရိုက် ချက်ပြုတ်စားကြပါတယ်။ ချိုဆိမ့်သော အရသာ ရှိပြီး အချိုချက် ဆီပြန်ချက် ချက်စားကြပါတယ်။ ချဉ်ရည်ချက်စားကြသလို ချဉ်ဖတ်လည်း ထည့်စားကြပါတယ်။ ဖလံတောင်ဝှေးပင်မှာ အဆစ်ကလေးတွေ ရှိပြီး အဆစ်တွင် အရွက်များ အလဲလိုက် ရှိပါတယ်။ အရွက်ပုံစံကတော့ ဘဲဥပုံခပ်လျားလျား ရှိပြီး အရွက်ဖားကြီးများ ဖြစ်ပါတယ်။ အပွင့်ဟာ အဖြူရောင်ဖြစ်ပြီး ဝတ်ဆံကတော့ အဝါနုရောင်ပါ။ ဝတ်ဆံမ သုံးခု ရှိပါတတယ်။ အပွင့်ကတော့ ငွေပန်းပွင့်နဲ့ ဆင်တူပြီး အသီးကတော့ လုံးဝန်းတဲ့ ပုံစံ ရှိပါတယ်။

images
ဖလံတောင်ဝှေးကို ဆေးဖက်ဝင်အောင် ချက်မယ်ဆိုရင်တော့ နို့တိုက်မိခင်တွေကတော့ နို့ထွက်ကောင်းအောင် ဟင်းခါး ချက်စားနိုင် ပါတယ်။ ချောင်းဆိုးရင်တော့ နှမ်းဆီနဲ့ ကြော်စားပါ။ ငါးခူနဲ့ရောချက်ရင်တော့ ကာမအားကို တိုးစေပါတယ်။ ပုဇွန်နဲ့ရောချက် စားရင်တော့ သွေးဝမ်းရောဂါကို ပျောက်စေပါတယ်။ အမဲသားနဲ့ ချက်ရင်တော့ ဆီးရွှင်ပြီး ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ကင်ပွန်းချဉ်ရွက်န့ ရောကြော်စားပါက ဆံပင်ဖြူနဲ့ သွေးဆုံးကိုင်ကို သက်သာစေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။ အထိုင်များသူတွေ အတွက် ငရုတ်ကောင်းနဲ့ ရောပြီး ဟင်းချိုချက်သောက်နိုင်ပါတယ်။

ဖလံတောင်ဝှေးကို အရင့်များ ဖယ်ပြီး အနုပိုင်းတွေကို ထုရိုက်တာ ပုဇွန်ခြောက်မှုန့်၊ ပုဇွန် စသဖြင့် ရောပြီး ကြော်စား ချက်စားကြတာများပါတယ်။ ခံတွင်းမြိန်စေပြီး ရာသီစာ ဖြစ်တာကြောင့် တစ်နှစ်တစ်ခါ စားရတဲ့ အစားအစာမို့ ချက်စားလိုက်ကြပါစို့။

Ref: Swan Sone & Punk Punk