မုန့်တီစနဲသုပ်

Share this on:

မင်္ဂလာပါရှင်.။ သာလီစွဆိုင်မှာ မုန့်တီစနဲသုပ်လာရောက် စားသုံးကြသော စားသုံးသူ မိတ်ဆွေတချို့မှ “စားရတာ အဆင်မပြေဘူး ၊ လုံးဝကို မကောင်းဘူး ၊ ရခိုင်သမကို ရခိုင်စာ လိမ်ရောင်းတဲ့ဆိုင် ” စသဖြင့် Feedback တွေကို လိုင်းပေါ်မှာ မြင်တွေ့ရပါတယ်.။ ထိုသူများကို ကျမ ပိုင်ရှင်တစ်ယောက် အနေဖြင့် ဒီကနေ တောင်ပန်းပါတယ်ရှင့်.။

ကျမတို့ဖက် လိုအပ်ချက်ကြောင့် အခုလို အဆင်မပြေတာ ဖြစ်ရတာကို စိတ်မကောင်းပါဘူးရှင်.။ ကျမတို့မှာ အကျိုး စီးပွားဖြစ် ရုံလောက်နဲ့ လိမ်မရောင်းဘူးဆိုတာကို ရဲရဲကြီး အာမခံရဲပါတယ်ရှင်.။ ကျမတို့ ရခိုင်အစားအစာတွေကို ကျယ်ကျယ်ပြန့်ပြန့် လူသိများ စားစေချင်တဲ့ စိတ် ၊ နယ်မှ ကလေးများကို တဖက်တလှမ်းမှ အလုပ်ပေးချင်တဲ့ စိတ်ဖြင့် ဒီဆိုင်လေးကို ဖွင့်ခဲ့တာပါ.။ ကျမကအစ ဆိုင်မှာရှိတဲ့ ၀န်ထမ်းတွေ အကုန်လုံးဟာ နယ်က လာကြသူတွေဖြစ်ပြီး သာလီစွဆိုင်မှာ လာစားကြသူများအား စားကောင်းစေချင်တဲ့ စေတနာ လူတိုင်းမှာ ရှိကြပါတယ်.။ အခုလို လိုင်းပေါ်မှာ စားသုံးတွေရဲ့ အဆင်မပြေမှုတွေကို သူတို့တွေကို ပြတယ်ဆိုရင် သူတို့တွေခမျှ မျက်နှာငယ်လေးဖြင့် ဘယ်လိုကောင်းအောင် လုပ်ပေးရမလဲလို့ မေးနေကြသူတွေပါ.။

အခုလည်း အောက်ဖော်ပြပါ မုန့်တီစနဲသုပ်နည်းဖြင့် အကြိမ်ကြိမ် အစမ်းသုပ်ကြည့်ဖို့ နှင့် ကိုယ့်ပါးစပ်မှာ စားလို့အရသာရှိတယ် မတွေ့မချင်း မုန့်တီစနဲသုပ်ကို မရောင်းဖို့ ပြောထားပါတယ်ရှင်.။ သာလီစွဆိုင်မှာ လာရောက်စားသုံးသူများအား ကျမတို့ ဆိုင်မှ စားသုံးပြီးလို့ ထွက်ခွာသွားချိန်မှာ ကျမနဲ့တကွ ဆိုင်မှ ၀န်ထမ်းအကုန်သူက စားရတာ အဆင်ပြေကျေနပ်တယ်ဆိုတဲ့ မျက်နှာလေးကိုပဲ မြင်ချင်ကြပါတယ်.။

မုန့်တီစနဲသုပ် 2

မုန့်တီစနဲသုပ် 1

ပါဝင်ပစ္စည်းများ

  • ငါး
  • ငပိ (ငပိကို အနှစ်ချက်ထားတာ သို့်မဟုတ် ငပိကင်) ဖျော်ရည် အနည်းငယ်
  • ငရုပ်သီးစိမ်း
  • မကျည်းသီး အနှစ်ဖျော်ရည်
  • ငရုပ်သီးခြောက်မှုန့် အနည်းငယ်
  • ဆား
  • အရသာမှုန့် အနည်းငယ်
  • ဆီချက် တစ်ဇွန်း
  • မုန့်တီဟင်းရည် ဇွန်းသေး တစ်ဇွန်း
  • မုန့်တီဖတ်
  • နံနံပင်လေး
  • အကြော် (မိမိနှစ်သက်ရာ)

ပြုလုပ်နည်း

  1. မုန့်တီသုပ်မည့် ပုဂံလုံးထဲကို ငပိ(ငပိကို အနှစ်ချက်ထားတာ သို့်မဟုတ် ငပိကင်) ဖျော်ရည် အနည်းငယ် ထည့်ပါ ။
  2. ငါးပြုတ်ပြီး အရိုးနွှင်ထားသော ငါးအသားများကို လိုသလောက် ထည့်ပါ ။
  3. ညှပ်ထားသည့် ငရုပ်သီးစိမ်းကို ကိုယ်စားနိုင်သလောက်ထည့်ပါ ။
  4. မကျည်းသီး အနှစ်ဖျော်ရည် ၊ ငရုပ်သီးခြောက်မှုန့် အနည်းငယ်၊ ဆား ၊ အရသာမှုန့် အနည်းငယ်၊ ဆီချက် တစ်ဇွန်း ( ကြိုက်မှထည့်ပေးပါ)
  5. မုန့်တီဟင်းရည် ဇွန်းသေး တစ်ဇွန်လောက် (သုပ်ရာတွင် ကပ်စီးစီးဖြစ်မအောင် ထည့်ပေးတာပါ) ခပ်ထည့်ကာ နယ်ပေးပါ ။
  6. ပြီးမှာ မုန့်တီဖတ် ထည့်ကာ နယ်ပေးလျှင် မုန့်တီစနဲသုပ် တစ်ခွက်ရပါပြီးရှင် ။
  7. ကိုယ်ကြိုက်ရာ အကြော်ကို ရောသုပ်ရင်လည်း ရသလို အပေါ်က ထည့်ပးပြီး နံနံပင်လေး ဖုံးအုပ်လိုက်ရင် အသင့်ဆွဲရန် မုန့်တီစနဲ့သုပ် ရပါပြီးရှင် ။
  8. မုန့်တီဟင်းရည် ပူပူလေးတစ်ခွက်ဆိုရင်တော့ ပြည့်စုံသွားပါပြီးနော် ။
အဆင်မပြေတာရှိတယ်ဆိုရင် ဆိုင်မှ ၀န်ထမ်းတွေကို ပြောခဲ့လို့ ရသလို သာလီစွ စာမျက်နှာမှာလည်း ၀င်ရောက်ပြောဆိုနိုင်ပါတယ်ရှင်.။
လိပ်စာ “အမှတ် ၄၂ ၊ ဦးထွန်းလင်းခြံလမ်း ၊ လှည်းတန်း ၊ ရန်ကုန် ၊ ဖုန်းနံပတ် -09264921986” လမ်းညွန်း - ဦးထွန်းလင်းခြံလမ်း လမ်းဆုံးအောင်လျောက်ပြီး ညှာဖက်အခြမ်းမှာ ရှိပါတယ်။ “ရွေမျက်ဝန်း လက်သည်း ခြေသည်း အလှပြင်” ဆိုင်ရှေ့နားလေး ၊ “Sweety ဇာဘော်လီ” ဆိုင် ဘေးချင်းကပ်လျှက်မှာ ရှိပါတယ်.. ပျော်ရွင်ကြပါစေ ။

Credit:  သာလီစွ မိသားစု

Review

User Rating

3.9 (7 Votes)