ပူစပ်စပ် နဲ့ ရှုးရှဲ ပူပူလောင်လောင် စားမှကောင်းသော ရခိုင်မုန့်တီကို စည့် ကတော့စည့်တို့ ဓလေ့ဖြင့် ချက်သောနည်းလေးကို ပြန်လည်မျှဝေပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခူ ၃၀ ကျပ်သား (အနေတော် တုံးထားပါ)
  • နနွင်းမှုန့် လေးပုံ တစ်ပုံ လက်ဖက်ဇွန်း
  • ရေ ၁.၅ -၂ လီတာ
  • ကြက်သွန်ဖြူ ၈ တက် (အခွံခွာပြီး ကျေရုံထုထားပါ)
  • ငရုတ်ကောင်းနက်စေ့ ၁ ဇွန်း လက်ဖက်ဇွန်း (ကျေရုံထောင်းထားပါ)
  • ငပိစိမ်းစား ၁ ဇွန်း ခွဲ လက်ဖက်ဇွန်း
  • ဆား လိုသလောက်
  • ငံပြာရည် ၂ – ၃ ဇွန်း လက်ဖက်ဇွန်း င
  • ငရုတ်သီးစိမ်း ၂၅ တောင့်
  • ထည့်စားရန် ပါဝင်ပစ္စည်းများ
  • မုန့်ဖတ် ၁ ပိသာ (သုံးဆောင်လိုသလောက်)
  • နံနံပင် ၁ စီး (အနေတော်လှီးထားပါ)
  • ပဲသီးရှည် ၁ စီး (ခတ်ပါးပါး လှီးထားပါ)
  • ပဲကပ်ကြော် ၁၀ ခု (နည်းနည်းချေထားပါ)
  • မန်းကျီးရည် (သို့) သံပုရာသီး လိုသလောက် – ၂ လုံး (အစိတ်လေးတွေ လှီးထားပါ)

ပြုလုပ်နည်း

  1. စောက်နက်အိုးထဲ ငါး နှင့် ဟင်းရည်ချက်ရန် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ဆူအောင်တည်ပါ။ မီးရှော့ပြီး ငါးတုံးများ ဆယ်ပြီး အနည်းငယ် အအေးခံထားပါ၊ အေးလျင် ငါးအရိုးနွင်ပါ။ ငါးအသားများ ငါးပြုတ်ရည်ထဲပြန်ထည့်ပါ။ မီးအနေတော်ထားပြီး အရေဆူအောင်တည်ပါ။ ရေပွတ်ပွတ်ဆူလျင် မီးမျင်မျင်လေး ဖြင့် ဆားမြည်းပါ၊ လိုတာထပ်ဖြည့်ပါ။ ရေလိုလျင်ထပ်ဖြည့်နိုင်ပါသည်။
  2. သုံးဆောင်ရန် ပုကန်လုံးထဲ မုန့်ဖတ်လိုသလောက်ထည့်ပါ။ ပြီးလျင် ကိုယ့်စိတ်ကြိုက် အကြော်၊ နံနံ၊ မန်းကျီးရည် (သို့) သံပုရာရည်၊ ပဲသီး နှင့် ငရုတ်သီးတောင့်ကိုချေပြီး စပ်စပ်ပူပူလေး ချက်ချင်းသုံးဆောင်လျင် အရသာအမှန်ကို ရရှိခံစားနိုင်မှာပါ။

Credit: Syi Lwin Foods Garden