ဘာကိုစားစား ရှူးရှူးရှဲရှဲလေးမှ အရသာရှိတယ်လို့ ဆိုသူများအတွက် ဒီဟင်းလျာလေးကို ပြောပြပေးချင်ပါတယ်နော်။ အိမ်မှာလည်းစားနေကျဆိုပေမယ့် ရခိုင်ဆိုတဲ့အတိုင်း အစပ်ကတော့ ပြင်းလှလို့ တမူထူးသွားပါတယ်နော်။ အစပ်ကလေးနဲ့ ထမင်းစားမြိန်လိုသူများအတွက် ဒီငပိထောင်းလေးက အကောင်းဆုံးပါပဲ။

ပါဝင်ပစ္စည်းများ

  • မျှင်ငပိ
  • ငြုပ်သီးစိမ်း
  • ကြက်သွန်ဖြူ
  • သံပုရာသီး
  • ဟင်းချိုမှုန့်

ပြုလုပ်နည်း

  1. မျှင်ငပိကို မီးဖုတ်ပါ ။
  2. ငြုပ်သီးစိမ်းများကို ရေအနည်းငယ် ထည့်ရျ် ပြုတ်လှော်ပါ။
  3. ပြီးလျင် မျှင်ငပိ မီးဖုတ် ၊ ငြုပ်သီးစိမ်း ပြုတ်လှော် ၊  ကြက်သွန်ဖြူတို့ကို ရောထောင်းပါ။
  4. ဟင်းချိုမှုန့် အနည်းငယ် ထည့်ပါ။ ပြီးလျင် သံပုရာသီး ညှစ်ထည့်ပါ။
  5. မိမိနှစ်သက်ရာ အစပ် အပေါ့အငံ အနေတော်ဖြစ်လျင် သုံးဆောင်နိုင်ပါပြီ။

Credit: Ko Thank